တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် နယ်စပ်ဂိတ်တည်ဆောက်ရေး မြှင့်တင်လျက်ရှိ

Yunnan Gateway, January 16, 2023
Size:

ယူနန်ပြည်နယ်သည် တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံ၊ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြံနှင့် တရုတ်-လာအို-ထိုင်းလမ်းမကြီး၊ တရုတ်-ဗီယက်နမ်လမ်းမကြီး၊ တရုတ်-မြန်မာလမ်းမကြီး အစရှိသော အဓိကလမ်းမကြီးများ တည်ဆောက်ရေးကို အာရုံစိုက်လျက်ရှိပါသည်။

နယ်စပ်ဂိတ်မြို့ပြများ တည်ဆောက်ရေး ပံ့ပိုးခြင်းဆိုင်ရာမူဝါဒများ ထုတ်ပြန်ခြင်း၊ စမတ်နယ်စပ်ဂိတ် တည်ဆောက်ရေး ရှေ့ပြေးစံပြနေရာများကို မြှင့်တင်ဖော်ဆောင်ခြင်းနှင့် "နယ်စပ်ဂိတ် + ကုန်းလမ်းကြောင်း+ မြို့ပြနှင့်ခရိုင် + ထုတ်လုပ်မှုလုပ်ငန်း + သယ်ယူပို့ဆောင်ရေး" ၏ ပေါင်းစည်း ချိတ်ဆက် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းမှတစ်ဆင့် နယ်စပ်ဂိတ်တည်ဆောက်ရေး အဆက်မပြတ် တွန်းအားပေးကာ နယ်စပ်ဂိတ်စီးပွားရေး ကြီးပွားထွန်းကားအောင် ဆောင်ရွက်လျက်ရှိပါသည်။

 

(ဆောင်းပါးအရင်းအမြစ် -CCTV news clients ။ ဘာသာပြန် - Yunnan gateway)