မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် လန်ချန်း-မဲခေါင်စီမံကိန်း (၇) ခု စတင်ခြင်းအခမ်းအနား ကျင်းပ

CRI, January 15, 2023
Size:

မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် လန်ချန်း-မဲခေါင်စီမံကိန်းများ စတင်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့ကြောင်း၊ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Mr. Zheng Zhihong၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြန်မာနိုင်ငံ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံများ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးဝင်းဇေယျာထွန်းတို့နှင့်တကွ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၁၅၀ ကျော် တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထို့နောက် တရုတ်-မြန်မာ နှစ်နိုင်ငံ ဧည့်သည်တော်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လန်ချန်း-မဲခေါင်စီမံကိန်းများဆိုင်ရာ အကျိုးရလဒ်ပြပွဲများကို ကြည့်ရှုလေ့လာခဲ့ကြပါသည်။