ယွမ်ငွေ ထရီယံ ၄၀ ကို ပထမဆုံးအကြိမ် ကျော်လွန်၊ တရုတ်ပြည်၏ နိုင်ငံခြားရေးကုန်သွယ်မှု၏ ရေရှည်ခိုင်မာမှုနှင့် ရှင်သန်မှု၏ အရင်းအမြစ် ဘာလဲ

CRI, January 14, 2023
Size:

ယခုလ ၁၃ ရက်နေ့က တရုတ် အကောက်ခွန်ရုံးချုပ်မှ ထုတ်ပြန်ခဲ့သည့် စာရင်းအရ ၂၀၂၂ ခုနှစ်၌ တရုတ်ပြည်၏ ကုန်ပစ္စည်းသွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏမှာ ယွမ်ငွေ ၄၂ ထရီယံကျော် ရှိပြီး ၂၀၂၁ ခုနှစ်ကထက် ၇.၇ရာခိုင်နှုန်း တိုးလာကာ ၆ နှစ် ဆက်တိုက် ကမ္ဘာ့အကြီးဆုံးကုန်ပစ္စည်း ကုန်သွယ်ရေးနိုင်ငံအဖြစ် ရှိနေသည့်အဆင့်နေရာကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံခြားကုန်သွယ်မှုသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် တရုတ်ပြည်၏ နိုင်ငံခြားကုန်သွယ်ရေး အောင်မြင်သည့် အကျိုးရလဒ်သည် တရုတ် စီးပွားရေး ရေရှည်ခိုင်မာမှု၊ ရှေ့အလားအလာနှင့် ရှင်သန်မှုများ ရှိပြီး ရေရှည်ကောင်းမွန်သည့် အခြေခံအခြေအနေ ပြောင်းလဲမှု မရှိခြင်းကို ပြဆိုနေကာ တရုတ်စီးပွားရေးအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည်မှုကို တိုးပွားစေပါသည်။

တရုတ်ပြည်၏ နိုင်ငံခြားရေးကုန်သွယ်မှု၊ ရေရှည်ခိုင်မာမှုနှင့် ရှင်သန်မှုရဲ့ အရင်းအမြစ်က ဘာလဲ။ ပို့ကုန်ရှုထောင့်မှ ကြည့်လျှင် ဈေးကွက်နှင့် ကုန်ပစ္စည်း ဟူသော သော့ချက်ကျသည့်အချက် ၂ ချက်ကို အားကောင်းစွာ ချုပ်ကိုင်ထားခြင်း ဖြစ်ပါသည်။ ဥပမာပြောမည်ဆိုလျှင် ၂၀၂၂ ခုနှစ်တွင် တရုတ်ပြည်မှ အာဆီယံနှင့် ဥရောပ သမဂ္ဂစသည့် အဓိကကုန်သွယ်ဖက်များသို့ ပို့ကုန်ပမာဏသည် လျင်မြန်စွာ တိုးလာခဲ့ပါသည်။ Belt and Road တစ်လျှောက်ရှိ နိုင်ငံများသို့ ပို့ကုန်ပမာဏ ၂၀ ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။ သွင်းကုန်ရှုထောင့်မှ ကြည့်လျှင် ရှေ့အလားအလာ ကောင်းများစွာရှိသော တရုတ်ပြည်တွင်းဈေးကွက်သည် အားကောင်းသော ထောက်ပံ့ပေးမှုများကို ပံ့ပိုးပေးခဲ့ပါသည်။ ထို့အပြင်၊ တရုတ်အစိုးရမှ ကျင့်သုံးခဲ့သည့် သက်ဆိုင်ရာမူဝါဒများ၏ ထောက်ပံ့ပေးမှုလည်း ပါဝင်ပါသည်။

ကပ်ရောဂါ အခြေအနေအောက်တွင် တရုတ်ပြည်၏ နိုင်ငံခြားကုန်သွယ်ရေးသည် ကုန်ထုတ် စွမ်းအားကောင်းခြင်း၊ စုံလင်သည့် ထောက်ပံ့မှုများ ကွင်းဆက်မိမိချိတ်ဆက်နိုင်သည်များ ရှိခြင်း အားသာချက်များကို အပြည့်အဝ ဖော်ထုတ်ပြီး တစ်ကမ္ဘာလုံး ထောက်ပံ့မှုဆိုင်ရာလိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးကာ ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားရေး နာလန်ပြန်ထူခြင်းအတွက် အရေးကြီးသည့် စွမ်းဆောင်မှုကို ပံ့ပိုးပေးခဲ့ပါသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပခဲ့သော ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေးတွင် “ပြည်တွင်းဝယ်လိုအား တိုးချဲ့ခြင်း”နှင့် “အဆင့်မြင့်မားသော နိုင်ငံခြားသို့ တံခါးဖွင့်မှု တိုးမြှင့်ရေးကို စွဲကိုင်ခြင်း”တို့သည် အရေးကြီးသည့်အချက်များ ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်ပြည်၏ နိုင်ငံခြားကုန်သွယ်မှုသည် တရုတ်စီးပွားရေးကို တွန်းအားပေးပြီး ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးအင်ဂျင်ကဲ့သို့  ဆက်တိုက် လည်ပတ်နေ ဖြစ်မည် ဖြစ်ပါသည်။