တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ကျေးရွာလေး၏ ပထမဆုံး နှစ်သစ်ကူး ဘတ်စကက်ဘောပြိုင်ပွဲကို အတူ အားပေးကြည့်ရှုကြစို့

Yunnan Gateway, January 13, 2023
Size:

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရင်ကျန်းခရိုင်ရှိ ရှန်ပေါကျေးရွာ၌ ထူးခြားသော အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲကို အပြင်းအထန် ယှဥ်ပြိုင်နေကြပါသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသတွင် တည်ရှိသော ရှန်ပေါကျေးရွာမှာ လီဆူးတိုင်းရင်းသားကျေးရွာတစ်ရွာ ဖြစ်သည်။ နှစ်သစ်ကူးရောက်တိုင်း ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပလေ့ရှိပါသည်။ “ကျွန်မတို့က ကိုယ်ရဲ့ တိုင်းရင်းသားဝတ်စုံကို အားကစားဝတ်စုံအဖြစ် ဝတ်ကြပါတယ်။ လယ်ယာအလုပ်ကို ယာယီနားထားပြီး ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုမှာ ပါဝင်ကြပါတယ်။” ဒေသခံရွာသူရွာသားများသည် အားကစားလှုပ်ရှားမှုမှတစ်ဆင့် ကြိုးစားအားထုတ်မှု၏စိတ်ဓာတ်ကို စုစည်းရန် မျှော်လင့်ထားပါသည်။


(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်မီဒီယာအဖွဲ့။ ဘာသာပြန် - Yunnan gateway)