China Eastern သည် မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများ တိုးမြှင့်ရန် စီစဉ်နေပြီး ရှန်ဟိုင်း-ရန်ကုန် လေကြောင်းလိုင်းကို မတ်လတွင် ပြန်လည်ပျံသန်းမည်

Yunnan Gateway, January 13, 2023
Size:

China Eastern သည် မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများ တိုးမြှင့်ရန် မကြာသေးမီက စီစဉ်လျက်ရှိကြောင်း၊ မတ်လ ၁ ရက်နေ့တွင် ရှန်ဟိုင်း ဖူးတုန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းလိုင်း ပြန်လည်ပျံသန်းရန် စီစဥ်ထားကြောင်း China Eastern Airlines မြန်မာကုမ္ပဏီခွဲမှ သိရပါသည်။

ရှန်ဟိုင်း ဖူးတုန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းလိုင်း ပြန်လည်စတင်ပြီးနောက် တစ်ပတ်လျှင် သုံးကြိမ် ပျံသန်းမည်ဖြစ်ကြောင်း၊ ရန်ကုန်လေဆိပ်သို့ လေယာဥ်ဆင်းသက်မည့်အချိန်မှာ မြန်မာစံတော်ချိန် ၁၇:၀၀ နာရီဖြစ်ပြီး ရန်ကုန်လေဆိပ်မှ ပျံတက်မည့်အချိန်မှာ မြန်မာစံတော်ချိန် ၁၈:၀၀ နာရီ ဖြစ်ကြောင်း၊ ပျံသန်းမည့် လေယာဉ်အမျိုးအစားမှာ အဲယားဘတ်စ် ၃၂၀ ဖြစ်ကြောင်း အဆိုပါကုမ္ပဏီခွဲမှ သက်ဆိုင်ရာတာဝန်ရှိသူက မိတ်ဆက်ပြောကြားပါသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ တရုတ်လူမျိုးများသည် အမိနိုင်ငံကို ပြန်ရန်နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူပြည်သားများ အချင်းချင်း ဖလှယ်ဆက်ဆံရန် အဆင်ပြေစေနိုင်သည့်အတွက် မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးသည် လေကြောင်းလိုင်းကုမ္ပဏီများအား မန္တလေးမြို့သို့ လေကြောင်းလိုင်းကို ပြန်လည်ပျံသန်းရန် တက်ကြွစွာ တွန်းအားပေးလျက်ရှိနေသကဲ့သို့ China Eastern သည်လည်း ကူမင်း-မန္တလေး လေကြောင်းလိုင်းကို ပြန်လည်ပျံသန်းရန်အတွက် တက်ကြွစွာ စီမံပြင်ဆင်နေပါသည်။ ကူမင်း-ရန်ကုန် လေကြောင်းလိုင်းကိုလည်း တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း သိရပါသည်။
(ဆောင်းပါးအရင်းအမြစ် -မြန်မာနိုင်ငံ ရွှေဇာမဏီ တရုတ်စာသတင်းစာတိုက်။ ဘာသာပြန် - Yunnan gateway)