နိုင်ငံများစွာက တရုတ်ခရီးသည်များကို ကြိုဆို

CRI, January 13, 2023
Size:

မကြာခင်က နိုင်ငံများစွာတို့သည် တရုတ်ခရီးသည်များကို ကြိုဆိုရန် ပေါ်လစီများ အတည်ပြုပြဌာန်းကြသည်။ ယခုလ ၁၁ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု B မျိုး B အဆင့် စီမံခန့်ခွဲမှုနှင့် တရုတ်နှင့်နိုင်ငံခြားသားအသွားအလာ ယာယီစီမံခန့်ခွဲမှုဆောင်ရွက်ချက်များ ထုတ်ပြန်ပြီးနောက် နိုင်ငံများစွာတို့က တရုတ်ခရီးသည်များကို ကြိုဆို၍ ပြည်ဝင် ကန့်သတ်မှု ပြုလုပ်မည် မဟုတ်ဟု ကြေညာကြကြောင်း၊ မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘစိုက်နှင့် twitter တွင် တရုတ်ခရီးသည်များက မော်လ်ဒိုက်နိုင်ငံသို့ ခရီးသွားရန် နွေးထွေးစွာ ကြိုဆိုသည်ဟု ဖော်ပြကြောင်း၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်သည် ယခုနှစ်တွင် တရုတ်ခရီးသည် သန်း လာရောက်ရန် မျှော်လင့်သည်ဟု ဖော်ပြကြောင်း၊ အင်ဒိုနီးရှားစသောနိုင်ငံများက တရုတ်စကား ပြောတတ်သော ဝန်ထမ်းများကို စီစဉ်ပေးပြီး ဘာလီကျွန်းတွင် ကပ်ရောဂါကြောင့် ရပ်နားသော တရုတ်စားသောက်ဆိုင်များ တဖြည်းဖြည်းပြန်ဖွင့်၍ ဒေသခံခရီးသွား အေဂျင်စီများကလည်း တရုတ်ရိုးရာနှစ်သစ်ကူးကာလတွင် ခရီးသွားအစီအစဉ်များ စီစဉ်ပေးကြောင်း ပြောကြားခဲ့ပါသည်။