၂၀၂၂ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာဒီဇိုင်းပြိုင်ပွဲတွင် အနိုင်ရရှိသူများအား ကြေညာ

lmcchina.org, January 13, 2023
Size:

၂၀၂၂ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာဒီဇိုင်းပြိုင်ပွဲအား "အနာဂတ်ကို ရက်ကန်းဖြင့် ပုံဖော်ခြင်း” ဟူသောခေါင်းစဉ်ဖြင့် ပိုစတာဒီဇိုင်းနှင့် ဝါး ကြိမ်ရက်ကန်းယက်လုပ်ပုံဖော်ခြင်း ဟူ၍  ပြိုင်ပွဲနှစ်ခု ခွဲကာ ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲများကို လန်ချန်း-မဲခေါင် နိုင်ငံ ၆ နိုင်ငံမှ လက်ရာစုစုပေါင်း ၁၀၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲ၏ နိုင်ငံတကာ အမှတ်ပေးကော်မတီက စေ့စပ်သေချာစွာ သုံးသပ်လေ့လာပြီးနောက် Wang Yinzhe ၏ ဝါးယက်လက်ရာ "ECHO" ကို ယခုပြိုင်ပွဲတွင် ကော်မတီ၏ တစ်ခုတည်းသော အထူးဆုအဖြစ်လည်းကောင်း၊ He Xinyue ၏ "လက်မှုပညာရှင်များ၏နှလုံးသားထဲက လန်ချန်း-မဲခေါင်-အနာဂတ်ကို ရက်ကန်းဖြင့် ပုံဖော်ခြင်း" စသည့် လက်ရာနှစ်ခုသည် ပထမဆုအဖြစ်လည်းကောင်း၊ PIYANOOT SAIYAKIT (ထိုင်း) ၏"Golden light of CARP"စသော လက်ရာ ၁၀ ခုက  ဒုတိယဆု၊  Wang Yang ၏ "အေးအတူ ပူအမျှ ပေါင်းစည်းရေး"  စသော လက်ရာ ၂၀ က တတိယဆု၊ Xing Xiaowen ၏ "အထက်ယံက တူရိယာနှစ်မျိုး၏တီးမှုတ်သံ " စသောလက်ရာ ၆၀ က ထူးချွန်ဆုအဖြစ်လည်းကောင်း ဆုအသီးသီး ရရှိခဲ့သည်။ အသေးစိတ်ဆုရစာရင်းကို ပြိုင်ပွဲ၏တရားဝင်ဝဘ်ဆိုဒ် (www.lmcda.org.cn) နှင့် WeChat တရားဝင်အကောင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသည် နိုင်ငံခြားရေးဝန်ကြီးဌာန လန်ချန်း-မဲခေါင်အထူးရန်ပုံငွေမှ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၀ ပြည့်နှစ်မှ စတင်၍ ပုံမှန်ကျင်းပပြုလုပ်ခဲ့သည် ဖြစ်ရာ ယခုအခါ လန်ချန်း-မဲခေါင်ဒေသတွင် သက်ရောက်မှု ကြီးမားသော နိုင်ငံတကာအနုပညာပွဲတစ်ခု ဖြစ်လာခဲ့သည်။ များပြားလှသော လက်ရာများသည် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသယဉ်ကျေးမှု၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် အနုပညာအောင်မြင်မှုများကို အပြည့်အဝပြသခဲ့ခြင်း ဖြစ်သလို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုမူဘောင်အောက်ရှိ ယဉ်ကျေးမှုဆိုင်ရာ လန်ချန်း-မဲခေါင်နိုင်ငံ ၆ နိုင်ငံ အပြန်အလှန် ဖလှယ်မှုနှင့် အပြန်အလှန် သင်ယူလေ့လာမှုများ ပိုမိုနက်ရှိုင်းစေသောပြယုဂ် ဖြစ်သည်။ ကမ္ဘောဒီးယားအမှတ်ပေးကော်မတီနှင့် ကမ္ဘောဒီးယား-တရုတ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ Chey Monil က ယခုပြိုင်ပွဲတွင် လက်ရာအများအပြားသည် တီထွင်ဖန်တီးမှု အပြည့်ရှိရာ လန်ချန်း-မဲခေါင်နိုင်ငံများရှိပြည်သူများ၏ စိတ်ကူးဉာဏ်ဆန်းသစ်မှု အားကောင်းမှုကို ပြသခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။