၂၀၂၂ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု တရုတ်ခြင်းလုံးပြိုင်ပွဲ ကျင်းပ

lmcchina.org, January 13, 2023
Size:

၂၀၂၂ ခုနှစ် ဇန်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ၂၀၂၂ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု တရုတ်ခြင်းလုံးပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။

ခြင်းလုံးခတ်ခြင်းသည် အရှေ့တောင်အာရှ‌ဒေသမှ စတင်ကစားလာသည် ဖြစ်ပြီး လန်ချန်း-မဲခေါင်ဒေသတွင် လူကြိုက်များသော အားကစားလှုပ်ရှားမှုတစ်မျိုး ဖြစ်သည်။ လန်ချန်း-မဲခေါင် ၆ နိုင်ငံကို ဆက်စပ်ထားသော တူညီသော လှုပ်ရှားမှုတစ်မျိုးအဖြစ် တရုတ်နိုင်ငံနှင့် လန်ချန်း-မဲခေါင်နိုင်ငံများ ပြည်သူချင်း ယဉ်ကျေးမှုဖလှယ်ရေးကို တိုးမြှင့်လျက်ရှိသည်။ ၂၀၂၂ ခုနှစ်တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ခြင်းလုံးပြိုင်ပွဲ ဒုတိယကြိမ် ကျင်းပသည် ဖြစ်၍ လန်ချန်း-မဲခေါင်ဒေသမှ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသော ၆ နိုင်ငံမှ အဖွဲ့ ၁၁ ဖွဲ့ ပါဝင်ကြသည်။

၂ ရက်ကြာ ပြိုင်ပွဲ ကျင်းပပြီးနောက် အမျိုးသား ၄ ယောက်ပြိုင်ပွဲတွင် တရုတ်အဖွဲ့က ပြိုင်ပွဲအားလုံးတွင် အနိုင်ရရှိပြီး ချန်ပီယံကိုလည်းကောင်း၊ ထိုင်းအဖွဲ့နှင့် လာအိုအဖွဲ့သည် ဒုတိယနှင့် တတိယကိုလည်းကောင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်အဖွဲ့တို့သည် ထူးချွန်ဆုကိုလည်းကောင်း အသီးသီး ရရှိသည်။ အမျိုးသား ၃ ယောက်ပြိုင်ပွဲတွင် တရုတ်အဖွဲ့သည် ချန်ပီယံကိုလည်းကောင်း၊ ထိုင်းအဖွဲ့နှင့် ကမ္ဘောဒီးယားအဖွဲ့သည် ဒုတိယနှင့် တတိယကိုလည်းကောင်း၊ လာအို၊ မြန်မာ၊ ဗီယက်နမ်အဖွဲ့တို့သည် ထူးချွန်ဆုကိုလည်းကောင်း အသီးသီး ရရှိသည်။ အမျိုးသမီး ၄ ယောက်ပြိုင်ပွဲတွင် တရုတ်အဖွဲ့သည် ပြိုင်ပွဲအားလုံးတွင် အနိုင်ရရှိသဖြင့် ချန်ပီယံကိုလည်းကောင်း၊ ဗီယက်နမ်အဖွဲ့နှင့် မြန်မာအဖွဲ့သည် ဒုတိယနှင့် တတိယကိုလည်းကောင်း၊ ထိုင်းအဖွဲ့နှင့် လာအိုအဖွဲ့သည် ထူးချွန်ဆုကိုလည်းကောင်း အသီးသီး ရရှိသည်။ အမျိုးသမီး ၃ ယောက်ပြိုင်ပွဲတွင် တရုတ်နိုင်ငံသည် ချန်ပီယံကိုလည်းကောင်း၊ မြန်မာနှင့် လာအိုအဖွဲ့သည် ဒုတိယနှင့် တတိယကိုလည်းကောင်း၊ ထိုင်းအဖွဲ့နှင့် ဗီယက်နမ်အဖွဲ့တို့သည် ထူးချွန်ဆုကိုလည်းကောင်း အသီးသီး ရရှိသည်။