တရုတ်-မြန်မာနယ်စပ်ဒေသရှိ ကျန်းဖုန်နယ်စပ်ဂိတ်မှတစ်ဆင့် ၂၀၂၂ ခုနှစ်တွင် ကုန်စည်ပို့ဆောင်ရေး ပမာဏ တန်ချိန် ၆၈၈,၀၀၀ ရှိခဲ့

Yunnan Gateway, January 11, 2023
Size:

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့အထိ တရုတ်-မြန်မာနယ်စပ်ဒေသရှိ ကျန်းဖုန်နယ်စပ်ဂိတ်မှတစ်ဆင့် ၂၀၂၂ ခုနှစ်တွင် စုစုပေါင်းအဝင်အထွက်ယာဉ် ၁၄,၇၄၃ စီးရှိပြီး ကုန်စည်ပို့ဆောင်ရေးစုစုပေါင်းပမာဏမှာ တန်ချိန် ၆၈၈,၀၀၀ ရှိကြောင်း၊ ကုန်စည်၏စုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ် ၂.၁၈ ဘီလီယံရှိပြီး ယူနန်ပြည်နယ်ရှိ ဒုတိယအဆင့် နယ်စပ်ဂိတ်များအနက် ပထမနေရာတွင် ရပ်တည်ကြောင်း သိရပါသည်။

ကျန်းဖုန်နယ်စပ်ဂိတ်သည် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လုံချွမ်းခရိုင်တွင် တည်ရှိပြီး တရုတ်-မြန်မာ ကုန်သွယ်မှုအတွက် အရေးကြီးသော ဖြန့်ဖြူးရေးစင်တာတစ်ခုဖြစ်ပေသည်။ အဓိကသွင်းကုန်ပစ္စည်းများသည် တွင်းထွက်ပစ္စည်းများ၊ လယ်ယာထွက်ကုန်များနှင့် လတ်ဆတ်သော ကုန်ပစ္စည်းများဖြစ်ပြီး ပို့ကုန်ပစ္စည်းအများစုမှာ နေ့စဉ်သုံးပစ္စည်းများ၊ စက်ပိုင်းဆိုင်ရာဆက်စပ်ပစ္စည်းများနှင့် ဓာတ်မြေသြဇာများဖြစ်သည်။

“၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က ကုန်စည်အကောက်ခွန်ရှင်းလင်းရေး ပုံမှန် ပြန်လည်စတင်ပြီးနောက် ကျွန်ုပ်တို့ဟာ အဆင်ပြေသက်သာစေတဲ့ ဝန်ဆောင်မှုဆောင်ရွက်ချက်တွေကို လုပ်ဆောင်နေပါတယ်။ နယ်စပ်ဂိတ်ကတစ်ဆင့် ကုန်စည် အကောက်ခွန်ရှင်းလင်းရေး ပုံမှန် ပြန်လည်ဖြစ်လာဖို့ တစိုက်မတ်မတ် ဖော်ဆောင်ခဲ့ပါတယ်” ဟု ကျန်းဖုန်နယ်စပ်ဂိတ်မှ သက်ဆိုင်ရာ တာဝန်ရှိသူက ပြောဆိုပါသည်။

(ဆောင်းပါးအရင်းအမြစ် -လုံချွမ်းခရိုင် မီဒီယာစင်တာ။ ။ ဘာသာပြန် - Yunnan gateway)