ချင်းကန်းသည် အရှေ့တောင်အာရှနိုင်ငံများသမဂ္ဂမှ အတွင်းရေးမှူးချုပ်သစ် Kao Kim Hourn ထံသို့ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့

CRI, January 11, 2023
Size:

ဇန်နဝါရီလ ၉ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်းကန်းသည် Kao Kim Hourn ထံသို့ သဝဏ်လွှာကိုပေးပို့ပြီး ၎င်းအား အရှေ့တောင်အာရှနိုင်ငံများသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် ဂုဏ်ပြုခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

အာဆီယံသည် ဒေသတွင်း အရေးကြီးဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ စီးပွားရေးတိုးတက်မှု၊ လူမှုရေးတိုးတက်မှုနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးမှုကို တွန်းအားပေးရန်၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်ကို မြှင့်တင်ရန် ရေရှည်အားထုတ်ကြိုးပမ်းကြောင်း၊ မိမိအနေနှင့် အတွင်းရေးမှူးချုပ် Kao Kim Hourn နှင့် လုပ်ငန်းနယ်ပယ်တွင် ကောင်းမွန်သောဆက်ဆံရေး ထားရှိပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စည်ပင်သာယာရေး၊ သာယာလှပရေးနှင့် ချစ်ကြည်ရေးဟူသော “အိုးအိမ်ငါးခု” တည်ထောင်ရေးကို အာရုံစိုက်ကာ တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေ၍ ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်းကို ထူထောင်ပြီး ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးကို တိုးမြှင့်ရန် မျှော်လင့်ကြောင်း ချင်းကန်းက ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားဖော်ပြပါသည်။