Kao Kim Hourn သည် အာဆီယံ အတွင်းရေးမှူးချုပ် တာဝန် ထမ်းဆောင်

CRI, January 11, 2023
Size:

Kao Kim Hourn သည် အာဆီယံ အတွင်းရေးမှူးချုပ် တာဝန်ကို ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး တရားဝင် ထမ်းဆောင်ခဲ့ကြောင်း၊ ၎င်း၏ တာဝန်သက်တမ်းမှာ ၂၀၂၃ ခုနှစ်မှနေ ၂၀၂၇ ခုနှစ်အထိ ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးရုံးမှ ဇန်နဝါရီလ ၁၀ ရက်နေ့က ကြေညာခဲ့သည်။

၂၀၂၂ ခုနှစ် သြဂုတ်လက ကမ္ဘောဒီးယား ဝန်းကြီးချုပ်လက်ထောက် Kao Kim Hourn ကို အာဆီယံ အတွင်းရေးမှူးချုပ်အဖြစ် တာဝန် ခန့်အပ်ခဲ့သည်။ ၎င်းသည် ၁၉၉၉ ပြီးနောက် အာဆီယံ အတွင်းရေးမှူးချုပ် တာဝန် ထမ်းဆောင်သည့် ပထမဦးဆုံးသော ကမ္ဘောဒီးယား အစိုးရအရာရှိဖြစ်ကြောင်း သတင်းအရ သိရပါသည်။