ထိုင်းနိုင်ငံ၏ ဌာနအသီးသီးက တရုတ်ခရီးသွားများအား ကြိုဆိုဂုဏ်ပြုသည့်အခမ်းအနားကို လေဆိပ်၌ ကျင်းပ

CRI, January 10, 2023
Size:

တရုတ်နိုင်ငံ၏ ပြည်ပသို့သွားလာမှုကြီးကြပ်ရေးမူဝါဒကို ပြုပြင်ပြောင်းလဲပြီးနောက် ထိုင်းနိုင်ငံသို့ ပထမဆုံးလေယာဉ်ဖြင့် လာရောက်သည့် ခရီးသည်များအား ကြိုဆိုသည့်အတွက် ဒေသစံတော်ချိန် ဇန်နဝါရီလ ၉ ရက်နေ့က ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနတို့သည် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ပူတွဲကျင်းပခဲ့ပါသည်။ ယင်းလေယာဉ်သည် ရှမင်မြို့မှ လာရောက်ခြင်း ဖြစ်ပြီး တရုတ်ခရီးသည် ၂၆၉ ဦး သယ်ဆောင်ထားခြင်းဖြစ်ကြောင်း သိရပါသည်။