တရုတ်ခရီးသည်များအား ကြိုဆိုပါကြောင်း ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းဝန်ကြီးဆို

CRI, January 9, 2023
Size:

ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းဝန်ကြီး တွန်ကွမ်က China Media Group မှ သတင်းထောက်၏အင်တာဗျူးကို လက်ခံပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်အမျိုးသားများ၊ တရုတ်ခရီးသည်များနှင့် တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံသူများအား အမြဲတမ်း ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။

တွန်ကွမ်က တရုတ်ပြည်က အမျိုးသားများ၏ ပြည်ပခရီးသွားလာရေးလုပ်ငန်းများကို စနစ်တကျ ပြန်လည်စတင်ခြင်းသည် ကမ္ဘောဒီးယားအတွက်ရော ကမ္ဘာ့ခရီးသွားလုပ်ငန်းအတွက်ပါ အကျိုးရှိကြောင်းပြောကြားခဲ့ပါသည်။