ရွှေလီ နယ်စပ်စခန်း ဘက်စုံပြန်ဖွင့်

CRI, January 9, 2023
Size:

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၈ နာရီက တရုတ်နိုင်ငံ ရွှေလီနယ်စပ်စခန်းသည် ဘက်စုံပြန်ဖွင့်သည်ဟု ကြေညာခဲ့ပါသည်။

ရွှေလီ နယ်စပ်စခန်း ပြန်ဖွင့်ပြီးနောက် တရုတ်ပြည်ဝင်သူများသည် ကျန်းမာရေးကုဒ်ကို လျှောက်ထားရန်မလိုဘဲ ၄၈ နာရီအတွင်း Nucleic Acid တိုင်းတာ စစ်ဆေးမှုအစီရင်ခံစာ(အနုတ်လက္ခဏာ)သာ လိုပါသည်။ ပြည်ဝင်ကုန်တင်ကားသည် ကားမောင်းသူနှင့် ကုန်တင်ကား၏ အချက်အလက်များကို အကောက်ခွန်ရုံးသို့ ကြိုတင်တင်ပြပြီးနောက် ပြည်ဝင်ခွင့် ပေးမည်ဖြစ်ပါသည်။

ရွှေလီ နယ်စပ်စခန်းသည် တရုတ်-မြန်မာနှစ်နိုင်ငံအကြား အကြီးဆုံးသော ကုန်းတွင်းနယ်စပ်စခန်း ဖြစ်သကဲ့သို့ တရုတ်-မြန်မာနယ်စပ်စခန်းများတွင် ကုန်သွယ်မှုပမာဏ အများဆုံးသောနယ်စပ်စခန်းလည်း ဖြစ်ကာ သွင်းကုန်ပို့ကုန်ပစ္စည်းများတွင် အိမ်သုံး လျှပ်စစ်ပစ္စည်း၊ စက်ယန္တယား၊ နေ့စဉ်သုံးကုန်ပစ္စည်း၊ ရော်ဘာ၊ သစ်သီးဝလံနှင့် လယ်ယာထွက်ကုန်စသည်တို့ ပါဝင်ပါသည်။