၂၀၂၂ ခုနှစ် လန်ချမ်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တရုတ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ကူမင်းမြို့တွင် ကျင်းပပြီးစီး

Yunnan Gateway, January 4, 2023
Size:

ဇန်နဝါရီလ ၃ ရက်နေ့တွင် ၂၀၂၂ ခုနှစ် လန်ချမ်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တရုတ်ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ကူမင်းမြို့၌ ကျင်းပခဲ့ကြောင်း သတင်းအရ သိရပါသည်။

ယခုအကြိမ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် လန်ချမ်း-မဲခေါင်မြစ်ဝှမ်းတစ်လျှောက်နိုင်ငံ ၆ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ၁၁ ဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြသည်။

ခြင်းလုံးအားကစားသည် တောင်အာရှဒေသမှ စတင်ဖြစ်ထွန်းလာပြီး မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ဒေသများတွင် ပြည်သူများ အလွန်ကြိုက်နှစ်သက်သော အားကစားတစ်မျိုး ဖြစ်ပါသည်။
(သတင်းရင်းမြစ်- ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်- Yunnan gateway)