Jiegao နယ်ခြားဒေသ၊ ကုန်တင်ကုန်ချစခန်းနှင့် တရုတ်-မြန်မာလမ်းစသည့် လမ်းကြောင်းများမှ အကောက်ခွန်ရှင်းလင်းရေး ဝန်ဆောင်မှုများကို ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြန်လည်စတင်

CRI, January 4, 2023
Size:

တရုတ်နိုင်ငံမှ ကပ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ မူဝါဒများအရ တရုတ်-မြန်မာ ကုန်သွယ်ရေးနှင့် နှစ်ဖက်လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေး စသည့်ဘက်များတွင် ရွှေလီ-မူဆယ် နယ်စပ်စခန်း၏ အရေးကြီးအဆင့်နေရာကို ခိုင်မြဲစေရန်၊ တရုတ်-မြန်မာ စီးပွားကုန်သွယ်ရေး ကူးလူးဖလှယ်မှုနှင့် ပြည်သူများ၏ စားဝတ်နေရေး အကျိုးစီးပွားများကို ပိုမို ကောင်းမွန်စွာ အကျိုးပြုစွမ်းဆောင်နိုင်ရန်နှင့် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ရန်အတွက် တရုတ်နိုင်ငံသည်  ရွှေလီ-နယ်စပ်စခန်း Jiegao ဂိတ်၊ ကုန်တင်ကုန်ချစခန်းနှင့် တရုတ်-မြန်မာလမ်း စသည့် လမ်းကြောင်းများမှ ဝန်ထမ်းပြည်ဝင်ပြည်ထွက်မှုနှင့် ကုန်ပစ္စည်းအကောက်ခွန်ရှင်းလင်းရေး ဝန်ဆောင်မှုများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြန်လည်စတင်သွားမည်ဟု သတင်းအရ သိရသည်။