RCEP သည် ဒေသတွင်း စီးပွားရေး တံခါးဖွင့်မှုနှင့် အတူမျှဝေခြင်းနမူနာကို စိုက်ထူ

CRI, January 4, 2023
Size:

ဇန်နဝါရီလ ၁ ရက်နေ့တွင် RCEP သည် မရေမတွက်နိုင်သော ကုမ္ပဏီများအတွက် စီးပွားရေးအခွင့်အလမ်းများကို ယူဆောင်လာခဲ့သည်မှာ တစ်နှစ်တာ သက်တမ်းရှိခဲ့သည်။ လက်ရှိအချိန်တွင် ကမ္ဘာ့စီးပွားရေးသည် ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းကို ဖီလာဆန့်ကျင်ပြီး လုပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေး အားနည်းခြင်း စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ RCEP သည် "မြူ၏အလင်းတန်းတစ်ခု" အဖြစ် မှတ်ယူထားပြီး ကမ္ဘာ့စီးပွားရေး အတွက် အကျိုးပြု စွမ်းဆောင်ခဲ့ပါသည်။

RCEP မှ ဆောင်ရွက်သော အကောက်ခွန်၊ အခွန်နှင့် အခြားသော အဆင်ပြေစေရေး အစီအမံများသည် နယ်စပ်ဖြတ်ကျော် e-commerce ကဲ့သို့သော လုပ်ငန်းပုံစံများနှင့် ပုံစံသစ်များအတွက် ကမ္ဘာသစ်ကို ဖန်တီးပေးခဲ့ပါသည်။ လက်ရှိတွင် RCEP သည် ကမ္ဘာပေါ်တွင် နယ်စပ်ဖြတ်ကျော် e-commerce ဖွံ့ဖြိုးတိုးတက်မှု အတက်ကြွဆုံးနှင့် တိုးတက်မှုနှုန်း အမြင့်မားဆုံးသော ဈေးကွက်ဧရိယာ ဖြစ်လာပါသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နှင့် ဒေသတွင်း လွတ်လပ်သော ကုန်သွယ်ဖက်များကြားရှိ ကုန်သွယ်မှု ရာခိုင်နှုန်း ၉၀ ကျော်သည် အကောက်ခွန် သုညကို တဖြည်းဖြည်း အကောင်အထည်ဖော်ဆောင်လာပြီး ကုန်သွယ်မှု အတားအဆီးများကို လျှော့ချကာ ဒေသတွင်း စီးပွားရေး တစ်ပြေးညီ ဖြစ်စေရေးကို မြှင့်တင်ပေးမည်ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ တရုတ်နှင့် အခြားသော RCEP အဖွဲ့ဝင်နိုင်ငံများကြား စုစုပေါင်း သွင်းကုန်ပို့ကုန်ပမာဏမှာ ယွမ်ငွေ ၁၁.၈ ထရီလီယံအထိရှိပြီး ၂၀၂၁ ခုနှစ် အလားတူအချိန်ပိုင်းကထက် ၇.၉ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ယခုနှစ်တွင် ဒေသတွင်းနိုင်ငံအသီးသီးမှ လုပ်ငန်းများသည် သဘောတူစာချုပ်ပါ ဦးစားပေးမူဝါဒများဖြင့် ရရှိလာသော အမြတ်ဝေစုများကို မျှဝေခဲ့ကြပါသည်။ "RCEP cumulative rules of origin" သည် RCEP ၏အရေးကြီးသော အောင်မြင်မှုတစ်ခုဖြစ်သည်ဟု အများက ယူဆကြပါသည်။ အာဆီယံနိုင်ငံများအတွက် RCEP ၏ အဓိကအကျိုးကျေးဇူးများထဲမှ တစ်ခုမှာ အခွန်အကောက်များ လျှော့ချခြင်းဖြင့် သွင်းကုန်ကုန်ကျစရိတ် လျှော့ကျရေးနှင့်  ပို့ကုန်အခွင့်အလမ်း တိုးလာခြင်းတို့ ဖြစ်သည်။ ထို့အပြင် RCEP သည် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်းပါဝင်သည့် ပထမဆုံး လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်လည်း ဖြစ်သည်။ ယင်းသည် အရှေ့အာရှ ဒေသဆိုင်ရာ စီးပွားရေး တစ်ပြေးညီ ဖြစ်စေရေးတွင် အဓိကတိုးတက်မှုဖြစ်ပြီး သုံးနိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုကို အားကောင်းစွာ မြှင့်တင်ပေးခဲ့ပါသည်။

RCEP ကို တစ်ဆင့်တိုး အရည်အသွေးမြင့်မားစွာ အကောင်အထည်ဖော်ဆောင်သည်နှင့် အမျှ အဖွဲ့ဝင်အားလုံးသည် အပြန်အလှန်အကျိုးရှိစေရေး အခန်းကဏ္ဍသစ်ကို ဆက်လက်ဖွင့်လှစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးတွင် အားကောင်းသည့် တွန်းအားပေးမှုများကို ဆက်တိုက်ဖော်ဆောင်ပေးနေပါသည်။