ပေါက်ဖော်များ လက်တွဲပြီး အနာဂတ်ဆီသို့ အတူတကွ ချီတက်

Yunnan Gateway, January 3, 2023
Size:

၂၀၂၃ ခုနှစ်ရောက်ရှိလာသည်နှင့်အတူ ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတကာပြန်ကြားရေးစင်တာမှ ထုတ်ဝေသော “မင်္ဂလာ”မဂ္ဂဇင်းသည် ထုတ်ဝေခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်နေ့ကိုလည်း ရောက်ရှိလာပါသည်။

“မင်္ဂလာ”ဟူသောသီချင်းကို ရေးသားဂုဏ်ပြုပြီး “မင်္ဂလာ”၏ မနက်ဖြန် ပိုမိုကောင်းမွန်ပါစေဟု ဆုမွန်ကောင်းတောင်းကြသကဲ့သို့ လွန်ခဲ့သော နှစ် ၃၀ တွင် တရုတ်-မြန်မာ “ပေါက်ဖော်” ချစ်ကြည်ရေးအတွက် အကျိုးဆောင်ပေးခဲ့ကြသော တရုတ်၊ မြန်မာ နှစ်နိုင်ငံမှ သူငယ်ချင်းများ၊ မိတ်ဆွေများအား အထူးကျေးဇူးတင်ကြောင်း ဖော်ပြဂုဏ်ပြုခဲ့သည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် “မင်္ဂလာ”မဂ္ဂဇင်းထုတ်ဝေခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်အစီအစဥ်နှင့် ၂၀၂၂ ခုနှစ် တရုတ်-မြန်မာ မီဒီယာ Twin City ဖိုရမ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျင်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့တွင် ကျင်းပခဲ့ပါသည်။

ယခုအကြိမ်ဖိုရမ်သည် “တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရန် မီဒီယာများ၏စွမ်းအား ပံ့ပိုးအကျိုးဆောင်ခြင်း”ဟူသော အဓိကခေါင်းစဥ်ဖြင့် ကျင်းပခဲ့ပြီး တရုတ်နှင့်မြန်မာ နှစ်နိုင်ငံသတင်းမီဒီယာကဏ္ဍ၊ ဘာသာပြန်ကဏ္ဍ၊ စီးပွားရေးနှင့်ကုန်သွယ်ရေးကဏ္ဍ၊ Think Tank ကဏ္ဍ စသည့်ကဏ္ဍအသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂိုလ်များ စုစုပေါင်း တစ်ရာကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။ မိန့်ခွန်းစကားပြောကြားခြင်း၊ အပြိုင်ဖိုရမ်ကျင်းပခြင်းစသည့် လှုပ်ရှားမှုအစီအစဥ်သည် Twin City ဖိုရမ်အစီအစဥ်တွင် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

လွန်ခဲ့သော နှစ် ၃၀ ကတည်းက ကျွန်တော်တို့သည် အတူတကွ ရှေ့သို့ချီတက်လျက်ရှိသည်။ ကျွန်တော်တို့က အစဉ်သဖြင့် အပြန်အလှန်ဖလှယ်သွားလာနေသောပေါက်ဖော်များ ဖြစ်ကြပြီး လမ်းခရီးတစ်လျှောက်တွင် အဆွေတို့နှင့် အတူတကွ လက်တွဲပြီး အဆွေတို့၏စိတ်နှလုံးတွင် ကျွန်တော်တို့ပါဝင်သကဲ့သို့ ကျွန်တော်တို့၏စိတ်နှလုံးတွင်လည်း အဆွေတို့ရှိနေကာ ခြေလှမ်းနှင့်စိတ်ဓာတ် အတူနေထိုင်လျက်ရှိသည်။ မနေ့ကခရီးစဥ်တွင် စိတ်ဓာတ်တက်ကြွခြင်းပြည့်စုံခဲ့ပြီး ယခုတွင်လည်း ၎င်းကဲ့သို့ပင် ဖြစ်ကာ ယုံကြည်မှုများနှင့် ရောင်စုံချမ်းသာခြင်းများ ပြည့်စုံလှပါသည်။

စမှတ်အသစ်တစ်ခုတွင် ရပ်တည်ပြီး ကျွန်တော်တို့သည် အသံကျယ်စွာ ယခုကဲ့သို့ သဘောတူညီချက်ကို ကြွေးကြော်ထားခဲ့ပါသည်--

ယဥ်ကျေးမှုအပြန်အလှန်ဖလှယ်ခြင်း ပိုမိုနက်ရှိုင်းရန် တည်တံ့ခိုင်မြဲစွာ မြှင့်တင်ဆောင်ရွက်ခြင်း၊ အပြန်အလှန်ယုံကြည်မှုရှိခြင်း၊ အပြန်အလှန်အကျိုးဆောင်မှုတိုးတက်စေရန် တည်တံ့ခိုင်မြဲစွာ မြှင့်တင်ဆောင်ရွက်ခြင်း၊ စီးပွားရေးပြန်လည်ဦးမော့လာစေခြင်းနှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ခြင်းအတွက် တွန်းအားပေးခြင်းတို့ ဖြစ်သည်။

“မီဒီယာ+ စီးပွားကုန်သွယ်ရေး” မှတစ်ဆင့် လက်တွေ့အခြေအနေပေါ်မူတည်ပြီး အကျိုးဆောင်ပေး

ယခုအကြိမ်လှုပ်ရှားမှုတွင်၊ တရုတ်-မြန်မာ စီးပွားကုန်သွယ်ရေးသတင်းအချက်အလက်များပလက်ဖောင်းကို တင်ဆက်ခဲ့ပြီး ပါဝင်တက်ရောက်သူများ၏ ဂရုတစိုက်စိတ်ဝင်စားမှုကို ရရှိခဲ့ပါသည်။

တရုတ်-မြန်မာ စီးပွားကုန်သွယ်ရေးပလက်ဖောင်းသည် တရုတ်-မြန်မာ ဘာသာနှစ်မျိုးဖြင့် မြန်မာနိုင်ငံတွင် အသုံးများသော ဖေ့ဘုတ် ၊ တရုတ်ပြည်တွင်း အသုံးများသော Wechat အကောင့် စသည့်လူမှုကွန်ရက်ပလက်ဖောင်းတို့တွင် တရုတ်နှင့်မြန်မာ နယ်စပ်စီးပွားကုန်သွယ်ရေးဆိုင်ရာ နေ့စဉ်သတင်းများ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသော၊ လုပ်ငန်းဆောင်ရွက်နေသော တရုတ်ကုမ္ပဏီနှင့်လုပ်ငန်းရှင်များ စီးပွားရေးအဖွဲ့အစည်းများဆိုင်ရာသတင်းများ၊ စီးပွားရေးဆိုင်ရာမူဝါဒ ရှင်းလင်းတင်ပြခြင်းစသည့်သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ ပုံမှန်ထုတ်ပြန်သွားမည်ဖြစ်သည်။

ယူနန်ပြည်နယ်လူမှုရေးသိပ္ပံနှင့်နည်းပညာအကယ်ဒမီ အပြည်ပြည်ဆိုင်ရာပညာရပ်ဖလှယ်ခြင်းစင်တာ ဒုတာဝန်ခံ၊ သုတေတီ Zhao Shulan--

“အဲဒီစီးပွားကုန်သွယ်ရေးပလက်ဖောင်းကတဆင့် ထုတ်ပြန်တဲ့သတင်းတွေက အစိုးရဌာနတွေ၊ ကုမ္ပဏီတွေ၊ သုတေသနဌာနတွေအတွက် တိကျမှန်ကန်တဲ့၊ အချိန်နှင့်တပြေးညီဖြစ်တဲ့ သတင်းတွေတင်ဆက်နိုင်မှာဖြစ်ပြီး ကျွမ်းကျင်ကောင်းမွန်တဲ့ သုံးသပ်ခြင်းလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းနိုင်ပါတယ်။ တစ်ချိန်တည်းမှာ သက်ဆိုင်ရာရင်းနှီးမြှုပ်နှံမယ့်နိုင်ငံတွေက “ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ သဘောတူညီချက် (RCEP) ကနေ သယ်ဆောင်လာတဲ့ အခွင့်အလမ်းတွေကို ဖမ်းဆုပ်နိုင်မယ့် အခွင့်အလမ်းတွေ ပေးထားပါမယ်။

ယူနန်ပြည်နယ် တောင်အာရှအရှေ့တောင်အာရှအသင်း ဥက္ကဋ္ဌ Qu Jianwen--

မီဒီယာက မူဝါဒပြန်ကြားတဲ့ ပြတင်းပေါက်တစ်ခုဖြစ်ပြီး လူမှုယဥ်ကျေးမှုဖလှယ်ရေးပလက်ဖောင်းနဲ့ လူမှုရေးနဲ့ လူသားဓလေ့ရဲ့ အညွှန်ပေးတံဆိပ်လည်း ဖြစ်တယ်။ ဒါ့အပြင်၊ ပေါက်ဖော်ချစ်ကြည်ရေးရဲ့ နှောင်ကြိုးလည်း ဖြစ်တယ်။

သတင်းမီဒီယာတွေက နှစ်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပြည်သူပြည်သားတို့ရဲ့နေထိုင်စားသောက်မှုလိုအပ်ချက်နဲ့ လိုက်‌လျောညီထွေရှိဖို့ လိုအပ်ပြီး နှစ်ဦးနှစ်ဖက်အပြန်အလှန်ယုံကြည်စိတ်ချရဖို့ အုတ်မြစ်ချလိုတယ်။ အပြန်အလှန် အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ ပတ်ဝန်းကျင် ဖန်တီးလိုတယ်။
တရုတ်ကွန်မြူနစ်ပါတီ တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီ သုတေသနဌာန ဒုတာဝန်ခံ Duan Xiaodong--

ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးမူက အခြေအနေအရ ပြည်သူပြည်သားတွေ ပိုမိုအဆင်ပြေအောင် ဆောင်ရွက်လာတာနဲ့အညီ မူဆယ်-ရွှေလီဂျယ်ခေါင်နယ်စပ်ဂိတ်က မကြာခင်မှာ ပြန်လည်ဖွင့်လှစ်ပါတော့မယ်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးက ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာတော့မှာ အမှန်ပါပဲ။

မြန်မာနိုင်ငံ Think Tank ပညာရှင်၊ B&R-GRN ၏ အဖွဲ့ဝင်၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ သုတေသနပညာရှင် ခင်မောင်စိုး--

“မီဒီယာက ကြားခံအဖြစ် သတင်းအချက်အလက်မျှဝေတဲ့ ပြတင်းပေါက်ကို အမှီပြုပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးရေးအတွေ့အကြုံကို ပိုမိုကောင်းမွန်ပြည့်စုံစွာ လေ့လာနိုင်ပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသယ်ဆောင်လာတဲ့ အခွင့်အလမ်းတွေကြောင့် မြန်မာနိုင်ငံက အာရှတိုက်မှာ ထွန်းသစ်စစီးပွားရေးတစ်ခု ဖြစ်လာနိုင်ခြေရှိနေပါတယ်။

မြန်မာနိုင်ငံ Exploring Myanmar Co., Ltd. ဒါရိုက်တာ Liu Wei--
“အဲဒီစီးပွားကုန်သွယ်ရေးပလက်ဖောင်းက ရေရှည်အကျိုးအတွက် ဆောင်ရွက်သင့်ပါတယ်။ အစိုးရ၊ အသင်းအဖွဲ့၊ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနဲ့ နက်ရှိုင်းတဲ့၊ ပြည့်ဝတဲ့ ဆက်သွယ်မှုကွန်ရက်ကို တည်ဆောက်ပြီး အဲဒီပလက်ဖောင်းကတစ်ဆင့် “ကုမ္ပဏီက လူပုဂ္ဂိုလ်ရှာနိုင်ခြင်း”၊ “လူပုဂ္ဂိုလ်က ကုမ္ပဏီရှာနိုင်ခြင်း”၊ “လူပုဂ္ဂိုလ် အပြန်အလှန်ရှာနိုင်ခြင်း” စတဲ့ အပြန်အလှန်ယုံကြည်မှုရှိတဲ့၊ ဖလှယ်မှုများတဲ့ ပလက်ဖောင်းအနေနဲ့ တည်ဆောက်သင့်ပါတယ်။

“မီဒီယာ+ Think Tank” မဟာမိတ်
“မီဒီယာ+Think Tank” သည် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံနယ်ပယ်များစွာတွင် မောင်းနှင်အင်အား လွတ်မြောက်ခြင်းအတွက် စွမ်းဆောင်ရည်အလားအလာကို ယုံကြည်စိတ်ရှိပါသည်။

ဖိုရမ်ကျင်းပရာတွင် ကျုံးစန်း(ဆွန်ယက်ဆင်)တက္ကသိုလ် ဂေဟဗေဒဌာန၊ ကျက်ကျန်း အဏ္ဏဝါဗေဒ တက္ကသိုလ် အပြည်ပြည်ဆိုင်ရာရေးရာဌာနနှင့်တရုတ်ကွန်မြူနစ်ပါတီ တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဦးစီးဌာနတို့သည် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။

ကျက်ကျန်းအဏ္ဏဝါဗေဒတက္ကသိုလ် Pisa Marine Graduate ကျောင်း ပညာရေးသုတေသနဌာန တာဝန်ခံ Liu Chaojie က ပြောကြားသည်မှာ သူတို့က ပညာတော်သင်တွေ ကျယ်ပြန့်လေးနက်သော တရုတ်ယဥ်ကျေးမှုကို သိရှိနားလည်ရန်၊ တရုတ်နိုင်ငံ၏အခြေအနေကို စစ်မှန်စွာ၊ ဘက်ပေါင်းစုံမှ သိရှိနားလည်ရန် ပညာတော်သင်များ စုစည်းပြီး တယ်ဟုန်ပြည်နယ်ခွဲသို့ ယဥ်ကျေးမှုလေ့လာခြင်းနှင့် ကျောင်းပိတ်ရက် လက်တွေ့လေ့လာခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ဆိုခဲ့ပါသည်။

ရှင်းကျင့်တက္ကသိုလ် ဒေသနှင့် နိုင်ငံများအကြောင်း၊ နိုင်ငံတကာဆက်ဆံရေးသုတေသနဌာန ပါမောက္ခချုပ် Dai Yonghong ကပြောကြားသည်မှာ မတူညီသောနိုင်ငံများ၊ မတူညီသောမီဒီယာများက အပြန်အလှန် ဖြည့်ဆည်းခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အခြေခံအုတ်မြစ်ကို မူတည်၍ "အရာအားလုံးသည် မထိခိုက်စေဘဲ အတူတကွ ကြီးပွားခြင်း" ၏ စံပြအခြေအနေကို ရရှိနိုင်မယ်။

မြန်မာနိုင်ငံတမ္ပဒီပအဖွဲ့ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းက ပြောကြားသည်မှာ သုတေသနဌာနအတွက် အကြီးမားဆုံးသော တန်ဖိုးသည် မူဝါဒရေးဆွဲခြင်းအတွက် ဘက်ပေါင်းစုံမှ အကြံပြုချက်များကို ပံ့ပိုးပေးသည်ဖြစ်ပြီး Think Tank အဖွဲ့နှင့် မီဒီယာသည် သတင်းအချက်အလက်ကွင်းဆက်တွင် အပြန်အလှန်ချိတ်ဆက်သော ဆုံမှတ်ဖြစ်ကာ အစိုးရ၏ ယုံကြည်ကိုးစားမှုနှင့် အနီးကပ်ဆက်နွယ်သည်ဟု ယူဆထင်မြင်သည်။

“မီဒီယာ+ဆန်းသစ်တီထွင်မှု”ဖြင့် အခွင့်ကောင်းအချိန်အခါကောင်း၏ အကူအညီမှတစ်ဆင့် အောင်မြင်မှုအသီးအပွင့် ဆွတ်ခူး
လွန်ခဲ့သောနှစ်ပေါင်းများစွာအတွင်း တရုတ်နိုင်ငံယူနန်ပြည်နယ်နှင့်မြန်မာနိုင်ငံတို့အကြား နည်းလမ်းနှင့်ပုံစံအမျိုးမျိုးဖြင့် မီဒီယာပူးပေါင်းဆောင်ရွက်မှုကို ကျယ်ပြန့်စွာလုပ်ဆောင်လျက်ရှိသည်။

“မင်္ဂလာ”မဂ္ဂဇင်းသည် ၁၉၉၂ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး ခရီးတစ်လျှောက်လုံးတွင် မြန်မာပရိသတ်များအတွက် တရုတ်အကြောင်းအရာကို မိတ်ဆက်ပေးရန်၊ တရုတ်-မြန်မာချစ်ကြည်ရေးကို မြှင့်တင်သွားရန် အစွမ်းကုန် ကြိုးစားလျက်ရှိသည်။

ယူနန်ပြည်နယ် မီဒီယာပေါင်းစပ်သတင်းတင်ဆက်ခြင်း စမ်းသပ်ခန်းအား ယူနန်နေ့စဥ်သတင်းစာအဖွဲ့တွင် ဆိုင်းဘုတ်တင်တည်ထောင်သည်မှစတင်ပြီး တောင်အာရှ၊ အရှေ့တောင်အာရှဆိုင်ရာ သတင်းပြန်ကြားရေးနည်းပညာအတွက် သုတေသနပြုလျက်၊ AI ဉာဏ်ရည်တုနည်းပညာကို နိုင်ငံတကာသတင်းပြန်ကြားရေးကဏ္ဍတွင် အသုံးပြုစေခဲ့ကာ သတင်းရေးသားဖော်ပြမှုအရှိန်နှုန်း၊ ဘာသာပြန်အရှိန်နှုန်းတို့ကို ကြိုးစားမြှင့်တင်လျက်ရှိနေပါသည်။

AI ဉာဏ်ရည်တုနည်းပညာ၏ပံ့ပိုးမှုကြောင့် မြန်မာဘာသာဖြင့် သတင်းတင်ဆက်ခြင်း နည်းလမ်းကိုလည်း ပိုမိုပေါကြွယ်စေသကဲ့သို့ သတင်းဖော်ပြနှုန်းကိုလည်း အရှိန်တိုးမြင့်စေပါသည်။

ပိုမိုလေ့လာဖတ်ရှုရန်--

“မင်္ဂလာ”မဂ္ဂဇင်းသည် ယူနန်ပြည်နယ်ပြည်သူ့အစိုးရပြန်ကြားရေးဌာနမှ ဦးစီးထုတ်ဝေပြီး ယူနန်နေ့စဥ်သတင်းစာအဖွဲ့မှ လက်ခံထုတ်ဝေကာ ယူနန်ပြည်နယ်တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတကာပြန်ကြားရေးစင်တာမှ ထုတ်ဝေသော မြန်မာဘာသာမဂ္ဂဇင်းဖြစ်သည်။ ၎င်းမဂ္ဂဇင်းသည် ၁၉၉၂ ခုနှစ်တွင် စတင်ထုတ်ဝေခြင်းဖြစ်သည်။

လက်ရှိတွင် “မင်္ဂလာ”မဂ္ဂဇင်းသည် “မဂ္ဂဇင်း+ကွန်ရက်+ လူမှုကွန်ရက်” ဘက်ပေါင်းစုံပါဝင်သော သတင်းဖြန့်ချိရေးစနစ်တစ်ခု တည်ဆောက်ထားပါသည်။ “မင်္ဂလာ”မဂ္ဂဇင်းသည် မြန်မာနိုင်ငံဗဟိုအစိုးရ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ၊ စာသင်ကျောင်းများ၊ စာကြည့်တိုက်များစသည့် နေရာ ၅၀၀ ကျော်သို့ ဖြန့်ချိနေပါသည်။

“မင်္ဂလာ”မဂ္ဂဇင်းသည် Yunnan gateway ၏ မြန်မာပိုင်းအစီအစဥ်၊ ယူနန်နေ့စဥ်သတင်းစာ APP မြန်မာပိုင်းအစီအစဥ်၊ လူမှုကွန်ရက်အကောင့်ဖြစ်သည့် လန်ချမ်း-မဲခေါင်ပါတီ Wechat အကောင့်၊ “မင်္ဂလာ” ဖေ့ဘုတ်အကောင့်စသည်တို့ကို အပြန်အလှန်ပေါင်းစပ်ဖြည့်ဆည်းပြီး သတင်းပေါင်းစုံ တင်ဆက်နေပါသည်။ သတင်းထုန်ပြန်ရာတွင် မြန်မာ့ပရိသတ်များ၏ ဖတ်ရှုမှုအလေ့အထနှင့် လိုက်လျောညီထွေရှိစေပြီး မြန်မာလူငယ်များက တရုတ်အကြောင်းကို သိရှိနားလည်ရန် အရေးပါသော သတင်းစီးဆင်းမှုနည်းလမ်းတစ်ခုဖြစ်လာသည်။

၂၀၂၃ ခုနှစ်တွင် မင်္ဂလာအပေါင်း ခညောင်းပြီး ချမ်းသာပျော်ရွှင်ခြင်းနှင့်ပြည့်စုံပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။

တရုတ်-မြန်မာ”ပေါက်ဖော်”ချစ်ကြည်ရေး ရှေ့အနာဂတ်ကို အတူတကွဖန်တီးကြပြီး တစ်ဆင့်ထိုး ကျယ်ပြန့်သောအဓိပ္ပာယ်ဖန်တီးရန် တိုက်တွန်းအပ်ပါသည်။

တရုတ်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်ပါစေ။