မြန်မာစစ်ဖက်က တစ်နှစ်တာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ

CRI, January 1, 2023
Size:

ဒေသစံတော်ချိန် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညက မြန်မာနိုင်ငံတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်တာ အပစ်အခတ်ရပ်စဲကြောင်း ဖော်ပြထားပါသည်။

ငြိမ်းချမ်းရေးခရီးစဉ်ကို တွန်းအားပေးရန်နှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် ပြည်သူများ၏မျှော်မှန်းချက်များနှင့် ကိုက်ညီစေရန်အတွက် တစ်နှစ်တာ အပစ်အခတ် ရပ်စဲရေးပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းအတောအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက်များ၊ အစိုးရလုံခြုံရေးကို အနှောင်အယှက်ပေးရေးနှင့် တိုက်ခိုက်ရေးကို ရင်ဆိုင်ဖြေရှင်းရန် လိုအပ်သောလုပ်ဆောင်ချက်များမှလွဲ၍ အခြားစစ်ရေး လုပ်ဆောင်ချက်များကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ရေးသားထားပါသည်။