ဘက်အသီးသီးတို့သည် သိပ္ပံနည်းကျသောမူအရ နိုင်ငံအသီးသီးမှ လူဂ္ဂိုလ်များ လုံခြုံစွာ သွားလာမှုကို လက်တွဲ အာမခံပေးရန် မျှော်လင့်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

CRI, December 30, 2022
Size:

နိုင်ငံ တစ်ခုတလေက တရုတ်ခရီးသည်များအား ကူးစက်ရောဂါ စစ်ဆေးမှုဆိုင်ရာ အပို ဆောင်ရွက်ချက်များ ပြုလုပ်နေသည့် တစ်ချိန်တည်းတွင် နိုင်ငံများစွာတို့က တရုတ်နိုင်ငံသားများ ပြည်ဝင်ရေးဆိုင်ရာ ကူးစက်ရောဂါ စစ်ဆေးရေး ဆောင်ရွက်ချက်များကို ပြုပြင်မည် မဟုတ်ဟု ဖော်ပြခဲ့ကြသည်။ ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်နိုင်ငံသည် ယင်းအကြောင်းကိစ္စအပေါ် ရပ်တည်ချက်ကို ကြိမ်ဖန်များစွာ ရှင်းလင်းဖော်ပြခဲ့ပြီ ဖြစ်ပြီး နိုင်ငံများစွာတို့က တရုတ်နိုင်ငံသားများ ပြည်ဝင်ရေးဆိုင်ရာ ကူးစက်ရောဂါ စစ်ဆေးရေး ဆောင်ရွက်ချက်များကို ပြုပြင်မည် မဟုတ်ကြောင်း ဖော်ပြခြင်းကို မိမိတို့ တွေ့ရှိခဲ့ကြောင်း၊ ဘက်အသီးသီးတို့သည် သိပ္ပံနည်းကျသောမူအရ နိုင်ငံအသီးသီးမှ လူဂ္ဂိုလ်များ လုံခြုံစွာ သွားလာမှုကို လက်တွဲအာမခံပေးရန်၊ နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်နှင့် ဖြန့်ဖြူးမှု ကွင်းဆက်ကို ထိန်းသိမ်းကာကွယ်ရန် မိမိတို့ မျှော်လင့်ကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။