တရုတ်နိုင်ငံသည် လာမည့်နှစ် ဇန်နဝါရီလ ၈ ရက်နေ့မှစပြီး ကုန်းတွင်းဂိတ်စခန်းများကို တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်မည်

CRI, December 28, 2022
Size:

တရုတ်နိုင်ငံတော်လူဝင်လူထွက်ကြီးကြပ်ရေးဌာနသည် လူဝင်လူထွက်ကြီးကြပ်ရေးဆိုင်ရာ မူဝါဒနှင့် အစီအမံများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှစပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်သည်။ နိုင်ငံခြားသို့ သွားရောက်လည်ပတ်သည့် တရုတ်နိုင်ငံသားများအတွက် သာမန်နိုင်ငံကူးလက်မှတ်ကို စနစ်တကျ ပြန်လည် လက်ခံစိစစ်ရေး၊ ပြည်မကြီးနေထိုင်သူများအတွက် ဟောင်ကောင်သို့ ခရီးသွားလာရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဗီဇာပြန်လည်ထုတ်ပေးခြင်း၊ ဂိတ်စခန်းများတွင် ဗီဇာထုတ်ပေးခြင်းကို ပြန်လည်စတင်ခြင်း၊ ကုန်းတွင်းဂိတ်စခန်းကို တဖြည်းဖြည်းပြန်လည်ဖွင့်လှစ်ခြင်း၊  ဟောင်ကောင်၊ မကာအိုနှင့် ကပ်လျက်ရှိသော ဂိတ်စခန်းများတွင် နယ်ခြားစစ်ဆေးခြင်းအတွက် အမြန်လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ခြင်း၊ ရေကြောင်းဆိပ်ကမ်းများကို တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်ခြင်း စသည်တို့ ပါဝင်သည်။