လန်ချန်း-မဲခေါင်မြစ်ဝှမ်း ဆေးဘက်ဆိုင်ရာအရင်းအမြစ်များကို ကာကွယ်မှုနှင့် ရေရှည် အသုံးချမှုဆိုင်ရာသင်တန်း ဖွင့်လှစ်

lmcchina.org, December 28, 2022
Size:

လန်ချန်း-မဲခေါင်မြစ်ဝှမ်း ဆေးဘက်ဆိုင်ရာအရင်းအမြစ်များကို ကာကွယ်မှုနှင့် ရေရှည် အသုံးချမှုဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားနှင့် လန်ချန်း-မဲခေါင်မြစ်ဝှမ်း တိုင်းရင်းဆေး စိုက်ပျိုးရေးစခန်းဆိုင်ရာစာချုပ် ချုပ်ဆိုပွဲ အခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး ကျောက်ဟိုင်ယန့်က ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါသည်။

လန်ချန်း-မဲခေါင်နိုင်ငံခြောက်နိုင်ငံသည် တိုင်းရင်းဆေး ယဉ်ကျေးမှုသမိုင်းကြောင်း ရှည်လျားပြီး တိုင်းရင်းဆေးပညာကို အသုံးချရာတွင် အတွေ့အကြုံ ကြွယ်ဝရာ တိုင်းရင်းဆေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာမှာ ကျယ်ပြန့်ပါကြောင်း သံမှူးကြီး ကျောက်ဟိုင်ယန့်က ပြောကြားပါသည်။ ၂၀၂၀ ပြည်နှစ်မှစပြီး တရုတ်ဆေးသိပ္ပံအကယ်ဒမီသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေမှ ပံ့ပိုးကူညီသည့် လန်ချန်း-မဲခေါင် အကျိုးပြုဘယဆေးပင်-လန်ချန်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံခြောက်နိုင်ငံ၏ တိုင်းရင်းဆေးလုပ်ငန်းစခန်း တည်ဆောက်ရေးစီမံကိန်းကို  စတင်ဆောင်ရွက်ခဲ့ပါပြီး လန်ချန်း-မဲခေါင်နိုင်ငံခြောက်နိုင်ငံ၏ တိုင်းရင်းဆေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်ပေးခဲ့ရာ  ထင်ရှားလှစွာသောရလဒ်များ ရရှိခဲ့ပါသည်။ အဆိုပါစီမံကိန်း၏အစိတ်အပိုင်း ဖြစ်သည့် ဤမွမ်းမံသင်တန်းနှင့် ပူးပေါင်းဆောင်ရွက်မှုစာချုပ် ချုပ်ဆိုခြင်းသည် လန်ချန်း-မဲခေါင်မြစ်ဝှမ်း တိုင်းရင်းဆေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အစွမ်းထက်မြှင့်တင်မည် ဖြစ်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွင် ထင်ရှားသောအချက်အသစ်များ ထည့်သွင်းနိုင်မည်။

အဆိုပါအခမ်းအနားသို့ တရုတ်ဆေးသိပ္ပံအကယ်ဒမီ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဌာန ညွှန်ကြားရေးမှူး ဆုန့်ဖိန်၊ ယွန်နန် YunHe Pharmaceutical Inc. ဦးဆောင်ညွှန်ကြားရေးမှူး ဟူးရှင်၊ ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်ကုန်သည်များအသင်း၏ စိုက်ပျိုးရေးစက်မှုလုပ်ငန်းအသင်းဥက္ကဋ္ဌ ဖန်တုန်ဖုန်းစသဖြင့်လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။ လန်ချန်း-မဲခေါင်နိုင်ငံများမှ သင်တန်းသားသင်တန်းသူ စုစုပေါင်း ၂၀၀ ခန့်သည် သင်တန်း တက်ရောက်မည် ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြီးနောက် တရုတ်ဆေးသိပ္ပံအကယ်ဒမီ တရုတ်တိုင်းရင်းဆေးပညာ အရင်းအမြစ်စင်တာ၊ ယွန်နန် YunHe Pharmaceutical Inc.၊ ကမ္ဘောဒီးယား Hesheng Investment Co., Ltd. မှ တာဝန်ရှိသူများသည် လန်ချန်း-မဲခေါင်မြစ်ဝှမ်း တိုင်းရင်းဆေး စိုက်ပျိုးရေးစခန်း အတူတည်ဆောက်ရေးစာချုပ်ကို ချုပ်ဆိုခဲ့ကြပါသည်။