တရုတ်နိုင်ငံသို့ ဝင်ရောက်လာသူများအားလုံး၏ နျူကလိစ်အက်ဆစ်စမ်းသပ်ခြင်းနှင့် ကွာရန်တင်းနေခြင်းကို ဖျက်သိမ်းသည်ဟု တရုတ်နိုင်ငံတော်ကောင်စီ ပူးတွဲကာကွယ်ထိန်းချုပ်ရေးယန္တရားဆို

CRI, December 27, 2022
Size:

၂၆ ရက်နေ့ ညတွင် တရုတ်နိုင်ငံတော်ကောင်စီ ပူးတွဲကာကွယ်ထိန်းချုပ်ရေးယန္တရားမှ ကိုဗစ်-၁၉ ကူးစက်မှုအတွက် B အမျိုးအစားကူးစက်ရောဂါနှင့် B အဆင့်စီမံခန့်ခွဲမှုကို အကောင်အထည်ဖော်ရန် စီမံချက်ကို ထုတ်ပြန်ခဲ့ပါသည်။ တရုတ်နိုင်ငံသို့ ရောက်ရှိလာသူများသည် မထွက်ခွာမီ ၄၈ နာရီအတွင်း နျူကလိစ်အက်ဆစ်စမ်းသပ်မှု ပြုလုပ်သင့်သည်။ Negative ဖြစ်သူများသည် တရုတ်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးထံမှ ကျန်းမာရေးကုဒ်ကို လျှောက်ထားခြင်းမလိုဘဲ တရုတ်နိုင်ငံသို့ လာရောက်နိုင်ပြီး အကောက်ခွန်ကျန်းမာရေးကြေငြာကတ်တွင် ရလဒ်ကို ဖြည့်သွင်းနိုင်သည်။ အကယ်၍ positive ဖြစ်ပါက သက်ဆိုင်ရာပုဂ္ဂိုလ်များသည် negative ဖြစ်တဲ့အချိန်တွင် တရုတ်နိုင်ငံသို့ လာရောက်နိုင်ပါသည်။ ဝင်ခွင့်ရသည့် လူအားလုံးအတွက် နျူကလိခ်အက်ဆစ်စမ်းသပ်ခြင်းနှင့် ကွာရန်တင်းနေခြင်းကို ဖျက်သိမ်းလိုက်ပါမည်။ နိုင်ငံတကာခရီးသည်တင်လေယာဉ်များအတွက် အရေအတွက်ထိန်းချုပ်မှုအစီအမံများကို ဖျက်သိမ်းမည်ဖြစ်သည်။ လေကြောင်းလိုင်းအားလုံးသည် လေယာဉ်ပေါ်ရှိ ကူးစက်ရောဂါကာကွယ်ရေးကို ဆက်လက်ကောင်းမွန်စွာ လုပ်ဆောင်ပြီး ခရီးသည်များသည် လေယာဉ်ပေါ်တက်ချိန်တွင် နှာခေါင်းစည်းများ ဝတ်ဆင်ထားရမည် ဖြစ်သည်။ ကူးသန်းရောင်းဝယ်ခြင်း၊ နိုင်ငံခြားတွင်ပညာသင်ကြားခြင်း၊ မိသားစုအလည်အပတ်ခရီး၊ မိတ်ဆွေများ ပြန်လည်ဆုံဆည်းခြင်းစသည့် တရုတ်နိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားများအတွက် အစီအစဉ်များကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပြီး သက်ဆိုင်ရာ ဗီဇာကိုလည်း အဆင်ပြေအောင် ပြုလုပ်ပေးမည် ဖြစ်သည်။ ရေကြောင်းနှင့် ကုန်းတွင်းနယ်စပ်ဂိတ်များတွင် ခရီးသည်အဝင်အထွက်များကို တဖြည်းဖြည်း ပြန်လည်စတင်မည် ဖြစ်သည်။ နိုင်ငံတကာ ကပ်ရောဂါအခြေအနေနှင့် ဝန်ဆောင်မှုအာမခံချက် အမျိုးမျိုးအရ တရုတ်နိုင်ငံသားများ၏ ပြည်ပသို့ ခရီးသွားလာမှုကို စနစ်တကျဖြင့် ပြန်လည်စတင်မည် ဖြစ်သည်။