၂၀၂၂ လန်ချန်း-မဲခေါင် မီဒီယာနည်းပညာပြသရေးပတ် - တရုတ်ထိပ်တန်းမီဒီယာနည်းပညာ ပြည်ပသို့ ရောက်ရှိ

lmcchina.org, December 23, 2022
Size:

ဒီဇင်ဘာလ ၁၅ ရက်နေ့ မှ ၁၇ ရက်နေ့အထိ တရုတ်နိုင်ငံရေဒီယိုနှင့် ရုပ်မြင်သံကြားဗျူရိုမှ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဦးစီးဌာန ကြီးမှူးကျင်းပသည့် ၂၀၂၂ လန်ချန်း-မဲခေါင် နည်းပညာပြသရေးပတ်၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် အင်တာနက်မီဒီယာလုပ်ငန်းများဆိုင်ရာ နည်းပညာဖလှယ်ပွဲကို တရားဝင် စတင်ကျင်းပခဲ့သည်။

အထက်ပါပွဲတော်သည် နည်းပညာဖြင့် လန်ချန်း-မဲခေါင် မီဒီယာလုပ်ငန်း ပူးပေါင်းဆောင်ရေးကို တွန်းအားပေးခြင်းဟူသောခေါင်းစဉ်ဖြင့် အွန်လိုင်းပေါ်တွင် ဖလှယ်ခြင်း၊ ပြသခြင်းတို့ ပြုလုပ်ခဲ့ပြီး ရေဒီယိုနှင့် ရုပ်မြင်သံကြားနည်းပညာတွင် တရုတ်ကိုယ်ပိုင်မူပိုင်ခွင့်ရှိနည်းပညာနှင့် စက်ကိရိယာများ၊ ပွဲတော်ကြီးအစီအစဉ်များကို ထုတ်လွင့်သည့် အတွေ့အကြုံများ၊ နည်းလမ်းအသစ်များကို မိတ်ဆက်ပေးသည်။ အွန်လိုင်းမိတ်ဆက်ပွဲတွင် “ပေကျင်းဆောင်းရာသီအိုလံပစ်တွင် နည်းပညာအသစ်အသုံးပြုခြင်း“၊ “နည်းပညာသစ်ဖြင့် အစီအစဉ်ထုတ်လုပ်မှုကို တွန်းအားပေးခြင်း“၊ “ဒီဂျီဒယ်နှင့် high definitiong“၊ “ရှေ့ပြေးမီဒီယာနည်းပညာ“ စသောခေါင်းစဉ်ခွဲ ၄ ခုဖြင့် မိတ်ဆက်ပေးသည်။ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသော လန်ချန်း-မဲခေါင်ဒေသနိုင်ငံများမှ နိုင်ငံတော်အဆင့် မီဒီယာများသည် ၎င်းပွဲတော်သို့ ပါဝင်တက်ရောက်သည်။ ၎င်းပွဲတော်သည် BOSMA၊ ZTE စသော တရုတ်ကုမ္ပဏီများကို ဖိတ်ကြားထားပြီး တရုတ်ပြည်ထုတ်  8K ကင်မရာများကိုလည်း ပြသထားပါသည်။