လန်ချန်း-မဲခေါင်နိုင်ငံများ စိုက်ပျိုးရေးသုံးပစ္စည်းများ ပူးပေါင်းဆောင်ရွက်မှုအကျိုး အတူဖြစ်ထွန်းရန် တရုတ်နိုင်ငံထောက်ပံ့ရေးနှင့် စျေးကွက်သမဝါယမအဖွဲ့ချုပ်က ဘက်ပေါင်းစုံလက်တွဲပြီး တွန်းအားပေး

lmcchina.org, December 23, 2022
Size:

ယခုနှစ်သည် တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ပထမနှစ် ဖြစ်သည်။ မကြာသေးမီက “လုပ်ငန်းဖွံ့ဖြိုးတိုးတက်စွမ်းရည် မြှင့်တင်၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအကျိုး အတူဖြစ်ထွန်း”ဟူသောခေါင်စဥ်ဖြင့် ၂၀၂၂ လန်ချန်း-မဲခေါင် စိုက်ပျိုးရေးသုံးပစ္စည်းများ ကူးသန်း‌ရောင်းဝယ်‌ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝးကို တရုတ်နိုင်ငံလုံးဆိုင်ရာထောက်ပံ့ရေးနှင့် စျေးကွက်သမဝါယမအဖွဲ့ချုပ်က ပေကျင်းမြို့တွင် ကြီးမှူးကျင်းပခဲ့ပါသည်။

တရုတ်နှင့် အာဆီယံ၊ အထူးသဖြင့် လန်ချန်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံများသည် လန်ချန်း-မဲခေါင်နိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စိုက်ပျိုးရေးသုံးပစ္စည်းခေတ်မီ‌‌‌ရေးကို တွန်းအား‌‌‌ပေးရန် ပူးပေါင်းဆောင်ရွက်ရေးအလားအလာကို စဥ်ဆက်မပြတ် ရှာဖွေမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသုံးပစ္စည်းများကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို ကျယ်ပြန့်အောင်၊ နက်ရှိုင်းအောင် ချဲ့ထွင်ပြီး ပူးပေါင်းဆောင်ရွက်မှုအရည်အသွးနှင့် အဆင့်အတန်းကို မြှင့်တင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာထောက်ပံ့ရေးနှင့် စျေးကွက်သမဝါယမအဖွဲ့ချုပ်ပါတီအဖွဲ့ဝင်၊ ကောင်စီ ဒုတိယညွှန်ကြားရေးမှူး ဟုန်ရှုန့်လိက ပြောကြားသွားပါသည်။

ပထမအချက်မှာ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း တိုးမြှင့်ဆောင်ရွက်သလို ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ် ချနိုင်အောင် စက်မှုကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်မှုကို မြှင့်တင်ရန် ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ အခွင့်အလမ်းသစ်များကို မျှဝေရန်၊ ဒေသတွင်း စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ ကုန်သွယ်မှုအဆင့်ကို မြှင့်တင်ရန်နှင့် ဒေသတွင်း စီးပွားရေး သာယာဝပြောရေးနှင့် ပြည်သူများ၏ ပျော်ရွှင်သောဘဝများထဲသို့ တွန်းအားအသစ်များနှင့် သက်ဝင်မှုအသစ်များ ထည့်သွင်းရန် ဖြစ်ကြောင်း၊  တတိယအချက်မှာ ဒေသတွင်း အစိုးရမဟုတ်သော နှီးနှောဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် တံတားတစ်စင်း၏ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ဖြစ်ကြောင်း သက်ဆိုင်ရာဘက်အသီးသီးက အထက်ပါ ၃ ဘက်မှ အတူကြိုးစားရန် ဟုန်ရှုန့်လိက အဆိုပြုပါသည်။

အစည်းအဝေးတွင် တရုတ်-အာဆီယံ စိုက်ပျိုးရေးသုံးပစ္စည်းများ ကုန်သည်ကြီးများအသင်းမှ တီထွင်ဖန်တီးထားသည့် "လန်ချန်း-မဲခေါင် စိုက်ပျိုးရေးဟောပြောပွဲ” ဗီဒီယိုကော်လံကို အွန်လိုင်းတွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး short video ဖြင့် လန်ချန်း-မဲခေါင်နိုင်ငံများ၏ စိုက်ပျိုးရေး၊ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးတိုးတက်မှု၏ လက်ရှိအခြေအနေနှင့် အောင်မြင်မှုများကို ပြသပြီး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုများ ပိုမိုနက်ရှိုင်းအောင် ကူညီပေးပါသည်။