ထိုင်းဘုရင့်ရေတပ်မှ Sukhothai စစ်သင်္ဘော နစ်မြုပ်သွား၊ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေဆဲ

CRI, December 19, 2022
Size:

ယခုလ ၁၈ ရက်နေ့ ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၃၀ခန့်တွင် ထိုင်းဘုရင့်ရေတပ်မှ Sukhothai စစ်သင်္ဘောသည် Prachuap ပြည်နယ် အနီးတစိုက် ပင်လယ်ရပ်ဝန်းတွင် နစ်မြုပ်သွားကြောင်း၊ ၁၉ ရက်နေ့ နံနက် ၇ နာရ ရေတပ်မှ ထုတ်ပြန်ချက်အရ လက်ရှိအချိန်တွင် သင်္ဘောပေါ်ရှိ တပ်မှူးတပ်သား ၁၀၆ ဦးအနက် ၇၈ ဦးကို ကယ်ဆယ်ခဲ့ပြီး ၂၈ ဦးသည် အသက်ကယ်လှေများတွင် ရှိ၍ ပင်လယ်ပြင်ပေါ်တွင် မျောနေကာ ၃ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

၎င်း မတော်တဆမှု ဖြစ်ပွားချိန်တွင် ပင်လယ်ပြင်ဧရိယာအတွင်း လှိုင်းကြီး၍ သင်္ဘောကိုယ်ထည် တိမ်းစောင်းသွားပြီး ပင်လယ်ရေသည် လျှပ်စစ်ဓာတ်အားစနစ်သို့ ဝင်ရောက်ခြင်းကြောင့် ဓာတ်အားပိတ်သွားကာ စက်ပိုင်းဆိုင်ရာလည်ပတ်မှု ရပ်တန့်သွားစေပြီး သင်္ဘောကို မထိန်းချုပ်နိုင်ဘဲ နောက်ဆုံးတွင် တိမ်းမှောက်သွားခဲ့ကြောင်း ထိုင်းရေတပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

မတော်တဆမှုဖြစ်ပွားကြောင်း အကြောင်းကြားချက်ရရှိပြီးနောက် ထိုင်းရေတပ်မှ သင်္ဘောများနှင့် ရဟတ်ယာဉ်များသည် ကယ်ဆယ်ရန်အတွက် မတော်တဆမှုဖြစ်ပွားရာ ပင်လယ်ပြင်သို့ ချက်ချင်း ရောက်ရှိပြီး ပင်လယ်ပြင်တွင် မျောပါနေသော လူများကို ကယ်ဆယ်နေဆဲ ဖြစ်ကြောင်း သိရပါသည်။