မြန်မာနဲ့ တရုတ် အားကစားအဖွဲ့များ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်မည်

CRI, December 17, 2022
Size:

မြန်မာ-တရုတ် နှစ်နိုင်ငံ အားကစားပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ မြန်မာအားကစား အဖွဲ့တွေအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်၍ တရုတ်အားကစားအဖွဲ့များနှင့် ပူးပေါင်းလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ၊ ချန်ဆားမြို့တွင် ပူးတွဲလေ့ကျင့်မှုပြုလုပ်ရန် မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့နှင့် မြန်မာဝူရှူးအားကစားအဖွဲ့တို့ဟာ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့မှာ အုပ်ချုပ်/နည်းပြတစ်ဦးနှင့်အတူ နည်းပြ (၆) ဦး၊ အမျိုးသားအားကစားသမား (၂၃) ဦး၊ အမျိုးသမီးအားကစားသမား (၁၆) ဦးတို့ပါဝင်ပြီး မြန်မာဝူရှူးအားကစားအဖွဲ့တွင်လည်း အုပ်ချုပ်/ နည်းပြတစ်ဦးနှင့်အတူ အမျိုးသားအားကစားသမား (၆) ဦး၊ အမျိုးသမီးအားကစားသမား (၂) ဦး၊ စုစုပေါင်း (၅၅) ဦးတို့ လိုက်ပါသွားကြတယ်လို့ သိရပါတယ်။

ထို့အတူ ဒီဇင်ဘာ ၁၃ ရက်နေ့တွင်  မြန်မာလှေလှော်အားကစားအဖွဲ့၊ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် မြန်မာလက်ဝှေ့အားကစားအဖွဲ့နှင့် မြန်မာအလေးမအားကစားအဖွဲ့တို့လည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဆားမြို့သို့ ထွက်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။