မန္တလေးတွင် ရစ်ချ်တာစကေး ၅.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်

CRI, December 15, 2022
Size:

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၃ နာရီ ၁၆ မိနစ်တွင် မြန်မာအလယ်ပိုင်းဒေသ မန္တလေးမြို့တွင် ရစ်ချ်တာစကေး ၅.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ ငလျင်ဗဟိုချက်မသည် မန္တလေးငလျင်စခန်းအနောက်တောင်ဘက် ၂၄ ကီလိုမီတာအကွာအဝေးနေရာအနက် ၆၃ ကီလိုမီတာ၌ တည်ရှိကြောင်း၊ မန္တလေးမြို့လယ်ခေါင်ဒေသတွင် တုန်ခါမှု ပြင်းထန်စွာ ခံစားခဲ့ရပြီး ယခုအချိန်အထိ သေကျေဒဏ်ရာရရှိမှုသတင်းမထုတ်ပြန်သေးကြောင်း မြန်မာ့မိုးလဝေသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းအရ သိရပါသည်။