တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအသစ်နှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်က နှစ်ဦးနှစ်ဖက် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်

Yunnan Gateway, December 12, 2022
Size:

တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအသစ်နှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်အား ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင် က ယခုအကြိမ် စက်မှုစီးပွားနယ်ပယ် ဆွေးနွေးပွဲအား သီးသန့်ကျင်းပခြင်းသည် နှစ်ဦးနှစ်ဖက် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအသစ်နှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်အား ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအသစ်နှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင်အပါအဝင် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအသစ်နှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်အား ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပစဉ်(ဆင်ဟွာ)

ယင်းဖိုရမ်အား မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က ကြီးမှူးကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shu fu၊ မြန်မာနိုင်ငံရှိတရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်း (CECCM) ဥက္ကဋ္ဌ Mr. Liu Ying နှင့် တရုတ်-မြန်မာ စက်မှုစီးပွားနယ်ပယ်မှ လူပုဂ္ဂိုလ်များ စုစုပေါင်း လူဦးရေ တစ်ရာနီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။

သံအမတ်ကြီး ချန်းဟိုင်က တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ အောင်မြင်စွာ ကျင်းပပြီး မကြာမီတွင် UMFCCI က ယခုအကြိမ် စက်မှုစီူပွားနယ်ပယ်ဆွေးနွေးပွဲအား သီးသန့်ကျင်းပခြင်းသည် နှစ်ဦးနှစ်ဖက် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ၏ အရေးပါအနက်အဓိပ္ပာယ်နှင့် အဓိကရလဒ်များကို မိတ်ဆက်လိုက်ပြီး တရုတ်ပုံစံခေတ်မီမှု၏အရေးပါထူးခြားချက်နှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုက သယ်ဆောင်လာသည့်အခွင့်အလမ်းအသစ်များကို အဓိကထား ရှင်းလင်းပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ရှုပ်ထွေးသည့်စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော်လည်း မိမိတို့သည် မြန်မာနိုင်ငံ၏အနာဂတ်အပေါ် ယုံကြည်ချက်ရှိကြောင်း၊ တရုတ်နိုင်ငံက မြန်မာပြည်သူများ မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း စူးစမ်းရှာဖွေမှုကို ထောက်ခံအားပေးပါကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ ကူးလူးဖလှယ် အပြန်အလှန်အတုယူမှုကို တိုးမြှင့်လိုပြီး ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ ပံ့ပိုးကူညီပေး၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံဖြိုးတိုးတက်မှုအတွက် တရုတ်ဉာဏ်ပညာနှင့်အင်အားဖြင့် အကျိုးထမ်းဆောင်ပေးလိုကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ စိတ်ဓာတ်ခံစားချက်ကို လိုက်နာကျင့်သုံးပြီး တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုအား နောက်တစ်ဆင့် မြှင့်တင်မှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှုအား အတူတကွ ဖော်ဆောင်၍ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံပြည်သူများကို အကျိုးဖြစ်ထွန်းစေလိုကြောင်း၊ စီးပွားရေးနှင့်ကုန်သွယ်ရေး စသည့်ကဏ္ဍများတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး “Belt and Road” ကို အရည်အသွေးမြင့်မြင့် အတူတကွတည်ဆောက်ကာ တရုတ်-မြန်မာ စက်မှုစီးပွားနယ်ပယ်အတွက် ပိုများသည့်ပံ့ပိုးမှုနှင့် အဆင်ပြေချောမွေ့မှုများ ထောက်ပံ့ပေးစေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

သံအမတ်ကြီးက နှစ်နိုင်ငံလုပ်ငန်းရှင်များသည် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းအသစ်များကို ကောင်းမွန်စွာအသုံးပြု၍ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ထူးခြားချက်အသစ်များ ဖန်တီးကာ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုအတွက် အကျိုးထမ်းဆောင်မှုအသစ်များ လုပ်ဆောင်ရန် တိုက်တွန်းအားပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က ပြောကြားရာတွင် တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့မှုကို ဂုဏ်ပြုခဲ့ပြီး တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုကို ချီးကျူးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်နှင့် အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလာရာဒေသဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းစသည်တို့ တင်ပို့မှုသည် တရုတ်နိုင်ငံဈေးကွက်ကို အင်မတန်အားကိုးကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုကို အလွန်အလေးထားပြီး တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းသစ်ကို ကောင်းမွန်စွာ အသုံးပြုကာ မြန်မာနိုင်ငံ စီးပွားရေးနှင့် ပြည်သူလူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်လိုကြောင်း ပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်း (CECCM) ဥက္ကဋ္ဌ Mr. Liu Ying က CECCM နှင့်အဖွဲ့ဝင်ကုမ္ပဏီများက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို ဝန်ဆောင်မှုပေးသည့် သက်ဆိုင်ရာအခြေအနေအား မိတ်ဆက်ပေးခဲ့ပြီး CECCM သည် UMFCCI နှင့်အတူ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုအားမြှင့်တင်၍ တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံနှင့် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအသစ်က သယ်ဆောင်လာသည့် အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင်ကာ တရုတ်-မြန်မာ ကုမ္ပဏီများအတွက် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုပလက်ဖောင်း တစ်ဆင့်တိုးတည်ဆောက်ပေးပြီး နှစ်နိုင်ငံလုပ်ငန်းကုမ္ပဏီများနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်မှုအတွက် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာစက်မှုစီးပွားနယ်ပယ်မှ ကိုယ်စားလှယ်များက တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံစိတ်ဓာတ်နှင့်ပေါင်းစပ်၍ တရုတ်-မြန်မာ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ကူးလူးဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shu fu က ဖိုရမ်အခြေအနေကို ပေါင်းစပ်ပေး၍ နှစ်နိုင်ငံကုမ္ပဏီများက သက်ဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ တိကျစွာတုန့်ပြန်ခဲ့ပြီး နှစ်နိုင်ငံလုပ်ငန်းရှင်များက ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်၍ အပြန်အလှန်အကျိုးဖြစ်ထွန်းကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးအတွက် တစ်တပ်တစ်အားပါဝင်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအသစ်နှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်တွင် ချစ်ကြည်ရင်းနှီးသော အငွေ့အသက်များပြည့်နှက်နေပြီး နှစ်နိုင်ငံမှ ဖိုရမ်တက်ရောက်သူများက တက်တက်ကြွကြွ ပါဝင်ဖြေကြားခဲ့ကြောင်း၊ ဖိုရမ်တွင် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုအခြေအနေ ဗီဒီယိုအတိုကိုလည်း ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။ (Xinhua)