ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲသည် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (မူဆယ်) အား ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး "မေတ္တာလက်ဆောင်အိတ်"များ လှူဒါန်း

Yunnan Gateway, December 8, 2022
Size:

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသည် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (မူဆယ်) အား တရုတ်ယွမ် ၁၆၆၀၀၀ တန်ဖိုးရှိ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး "မေတ္တာလက်ဆောင်အိတ်"များ ပေးပို့လှူဒါန်းခဲ့ပါသည်။

ယခုအကြိမ်လှူဒါန်းသည့် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး "မေတ္တာလက်ဆောင်အိတ်" သည် စုစုပေါင်း ၁၆၆၀ အိတ် ရှိပြီး အကာအကွယ်မျက်နှာဖုံး၊ သာမိုမီတာ၊ လက်သန့်ဆေး၊ ခြင်ဆေး၊ ပိုးသတ်ဆေးနှင့် အခြားသော အကာအကွယ်ပစ္စည်းများ ပါဝင်ပါသည်။ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (မူဆယ်) သည် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးတွင် တက်ကြွစွာ ဆောင်ရွက်နေသည့်အတွက် သီးသန့်လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။

တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံ မူဆယ်ဒေသတို့သည် တရုတ်-မြန်မာ အေးအတူပူအမျှ ကံကြမ္မာအကျိုးတူအသိုက်အဝန်းတည်ဆောက်ရေးကို အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် အချင်းချင်းကူညီကာ ကိုဗစ်-၁၉ ကပ်ရောဂါကို အတူတကွ တိုက်ဖျက်ပြီး ထိရောက်သောပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ ဆောင်ရွက်ကြောင်း၊ နှစ်ဖက်အကြား ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို ခိုင်မာစေရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးနှင့် ကုန်သွယ်မှု အချောမွေ့စေရေးစသည့်ကဏ္ဍများတွင် အကျိုးပြုကြောင်း တယ်ဟုန်ပြည်နယ်ခွဲမှ သက်ဆိုင်ရာတာဝန်ခံက အဆိုပါလှူဒါန်းပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (မူဆယ်) မှ ကိုယ်စားလှယ်က လှူဒါန်းသည့်ပစ္စည်းများကို လက်ခံပြီး အလိုအပ်ဆုံးသောပြည်သူပြည်သားများအား ၎င်းပစ္စည်းများကို တတ်နိုင်သမျှ အမြန်ဆုံး ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း မြန်မာ-တရုတ်နယ်စပ်ဒေသတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရာတွင် ပါဝင်အကျိုးပြု ဖော်ဆောင်လျက်ရှိကြောင်း ပြောပါသည်။

 

(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်မီဒီယာအဖွဲ့။ ဘာသာပြန် - Yunnan gateway)