တရုတ်-လာအို မီးရထားလမ်း ဖွင့်လှစ်ခြင်း ၁ နှစ်အတွင်း ထူးချွန်သောအောင်မြင်မှုရလဒ်များ ရရှိသည်ဟု တရုတ်ဆို

CRI, December 6, 2022
Size:

ဒီဇင်ဘာလ ၃ ရက်နေ့က တရုတ်-လာအို မီးရထားလမ်းဖွင့်လှစ်လည်ပတ်ခြင်းသည် ၁ နှစ်ပြည့် ရှိပြီဖြစ်ပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်-လာအို မီးရထားလမ်းကို တရားဝင် ဖွင့်လှစ်ခဲ့သည့် ၁ နှစ်တာအချိန်အတွင်း ခရီးသည်ဦးရေစုစုပေါင်း ၈ သန်း ၅ သိန်းနှင့် ကုန်ပစ္စည်း တန်ချိန် ၁၁ သန်း ၂ သိန်းကို ပို့ဆောင်ပေးခဲ့ပြီး ကုန်ပစ္စည်းအမျိုးအစားသည်လည်း ၁၀ မျိုးကျော်မှ အမျိုး ၁၂၀၀ ကျော်အထိ တိုးချဲ့လာ၍ ထူးချွန်သော အောင်မြင်မှုရလဒ်များကို ရရှိခဲ့ကြောင်း၊ တရုတ်-လာအို မီးရထား၏ ပထမဆုံး သစ်သီးအအေးခန်းတွဲကြီးသည် ဒီဇင်ဘာလ ၃ ရက်နေ့က စတင်ပြေးဆွဲခဲ့ပြီး လာအို၊ ထိုင်းနှင့် မြန်မာစသော အရှေ့တောင်အာရှနိုင်ငံများမှ အရည်အသွေးကောင်းသော လယ်ထွက်ပစ္စည်းနှင့် အစားအစာကုန်ပစ္စည်းများသည်  တရုတ်-လာအို မီးရထားလမ်း၏ အဆင်ပြေလျင်မြန်စွာ အကောက်ခွန်ရှင်းလင်းရေးနှင့် ကြီးမားသော နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးပမာဏရှိခြင်း အားသာချက်များဖြင့် တရုတ်ဈေးကွက်သို့ ပိုမိုလုံခြုံပြီး လျင်မြန်စွာ ဝင်ရောက်ရောင်းချမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။