တရုတ်-လာအို ရထားလမ်းမှတဆင့် တရုတ်သို့ သစ်သီးတင်သွင်းသော ပထမဆုံး တိုက်ရိုက်ရောက် ရထားတွဲ စတင်ပြေးဆွဲ

Yunnan Gateway, December 6, 2022
Size:

ဒီဇင်ဘာလ ၃ ရက်နေ့သည် တရုတ်-လာအို ရထားလမ်း ပြေးဆွဲသော တစ်နှစ်ပြည့်နေ့ ဖြစ်သည်။ ထိုနေ့တွင် သစ်သီးများ အပြည့်တင်ဆောင်ထားသောရထားသည် မော်ဟန်းရထားလမ်းနယ်စပ်ဂိတ်၏ တရုတ်သို့ တင်သွင်းသောသစ်သီးများ ကြီးကြပ်ရေးစခန်းကို ဖြတ်သန်းကာ မော်တန်းနယ်စပ်ဘူတာသို့ မောင်းနှင်ခဲ့သည်။ ၎င်းသည် မော်ဟန်းရထားလမ်းနယ်စပ်ဂိတ်၏ တရုတ်သို့ တင်သွင်းသော သစ်သီးကြီးကြပ်ရေးစခန်းအား စတင်အသုံးပြုနေပြီဖြစ်ကြောင်း ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။ တရုတ်သို့ လမ်းတစ်လျှောက် ရထားလမ်းဖြင့်သာ သယ်ယူပို့ဆောင်သောသစ်သီးများသည်လည်း ပထမဆုံး ဖြစ်သည်။

တရုတ်-လာအိုရထားလမ်း ပထမဆုံးအကြိမ် သစ်သီးတိုက်ရိုက်အရောက်ပို့ ရထားတွဲသည် ကွန်တိန်နာ ၂၅ ခုဖြင့် ဖွဲ့စည်းထားပြီး ငှက်ပျောသီး၊ သမင်မျက်လုံး၊ ဒူးရင်းသီးစသည်တို့ကို အဓိကသယ်ယူပို့ဆောင်ခဲ့သည်။ ၎င်းရထားသည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှ စတင်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

တရုတ်နှင့်နိုင်ငံတကာအကြား ကုန်စည်သယ်ယူပို့ဆောင်ခြင်းလိုအပ်ချက်ကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်ပြီး တရုတ်-လာအို ရထားလမ်းတစ်လျှောက်လုံးတွင် ကုန်စည်တင်ရထားတွဲတိုင်း၏တင်ဆောင်နိုင်သောအလေးချိန်ကို ယခင်က တန်ချိန် ၂၀၀၀ မှ ယခုအခါ တန် ၂၅၀၀ အထိ တိုးမြင့်ခဲ့ကြောင်း သတင်းအရ သိရပါသည်။

(သတင်းရင်းမြစ်- ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်- Yunnan gateway)