တရုတ်-ထိုင်း ရထားလမ်းသည် အရှိန်အဟုန်ဖြင့် ဆက်လက်တည်ဆောက်နေ

Yunnan Gateway, December 5, 2022
Size:

ထိုင်းအမျိုးသမီး ဖန်းနတ်လော့အနေဖြင့် ငယ်စဥ်ဘဝပြန်တွေးရာတွင် ရထားလမ်း၏တစ်ဘက်တွင် ချင်းမိုင်မြို့ရှိ သူ့နေအိမ်ဖြစ်ပြီး အခြားတစ်ဘက်တွင် သူ၏အဖိုးအဖွားတို့၏ Nakhon Ratchasima ပြည်နယ်ရှိ နေအိမ်ဖြစ်သည်။ ငယ်စဥ်ကတည်းက မီးရထားသည် တစ်ဘက်မှ တစ်ဖြည်းဖြည်း ထွက်ခွာသည့်အခါတိုင်း သူသည် မြန်နိုင်သလောက်မြန်မြန်ဆိုက်ရောက်ရန် မျှော်လင့်ခဲ့သည်။ ဝေးလံသောခရီးစဥ်တွင် မီးရထားပြတင်းပေါက်အပြင်ဘက်တွင် အဆက်မပြတ် နောက်သို့ ရွှေ့ပြောင်းနေသည့် ရှုခင်းကို သူ အမြဲမှတ်မိနေသည်။

အမျိုးသမီး ဖန်းနတ်လော့သည် တရုတ်ယဥ်ကျေးမှုကို နှစ်သက်သည့်အပြင် တရုတ်နှင့်ထိုင်းနှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အလားအလာကိုလည်း ယုံကြည်မှုရှိပါသည်။ ထို့ကြောင့် သူသည် တက္ကသိုလ်ဘွဲ့ရပြီးနောက် တရုတ်သို့ ပညာတော်သင်အဖြစ် ပညာလေ့လာခဲ့ပြီး ကျောင်းပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်ကာ တရုတ်-ထိုင်းရထားလမ်းပထမပိုင်းပရောဂျက်၏စကားပြန်အဖြစ် အလုပ်လုပ်ခဲ့သည်။

တရုတ်နိုင်ငံတွင် နှစ်ပေါင်းများစွာ ပညာလေ့လာခဲ့သောကြောင့် တရုတ်မြန်နှုန်းမြင့်ရထားလမ်းက လမ်းတစ်လျှောက်ရှိ ပြည်သူပြည်သားများအတွက် သယ်ဆောင်လာသည့် စီးပွားရေးနှင့်နေထိုင်မှု အဆင့်မြင့်တင်ခြင်းကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးပါသည်။ ထို့ကြောင့် သူသည် တရုတ်-လာအိုရထားလမ်းအား မြန်နိုင်သလောက်မြန်မြန် တည်ဆောက်ပြီးစီးကာ ထိုင်းနိုင်ငံစီးပွားရေးအတွက် တွန်းအားပေးနိုင်ရန် ဆန္ဒရှိပါသည်။

“ဗန်ကောက်ကနေ Nakhon Ratchasima ပြည်နယ်အထိ၊ တရုတ်-ထိုင်း ရထားလမ်းမှာ ရထားဘူတာ များစွာ တည်ဆောက်ရမယ်။ အဲဒီရထားလမ်း စတင်ပြေးဆွဲအသုံးပြုတာနဲ့ ဒေသခံတွေ ခရီးထွက်ရာမှာ ပိုမိုအဆင်ပြေစေမယ့်အပြင် ခရီးသွားဧည့်သည်တွေကိုလည်း တော်တော်လေး ဆွဲဆောင်နိုင်ပါမယ်။ ဒေသခံစီးပွားရေးကိုလည်း တွန်းအားပေးနိုင်မယ်”ဟု သူက ပြောသည်။

တရုတ်-ထိုင်းရထားလမ်းသည် တရုတ်နှင့်ထိုင်းနိုင်ငံ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ခြင်း စီမံကိန်းကြီးအနက် စီမံကိန်းတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံတွင် ပထမဆုံးသော စံချိန်မီ မြန်နှုန်းမြင့်ရထားလမ်းလည်း ဖြစ်သည်။ ပထမပိုင်းစီမံကိန်းသည် ဗန်ကောက်မှ Nakhon Ratchasima ပြည်နယ်အထိ ရောက်ရှိပြီး ဒုတိယအပိုင်းစီမံကိန်းသည် အရေးပါသော အရှေ့တောင်ဘက် နယ်စပ်စီးပွားရေးဒေသဖြစ်သည့် Nong Khai ပြည်နယ်နှင့် ချိတ်ဆက်မည်ဖြစ်သည်။ တရုတ်-လာအို ရထားလမ်းနှင့် ချိတ်ဆက်ပြီးပါက လာအိုမော်တင်နယ်စပ်ဂိတ်နှင့် တရုတ်မော်ဟန်းနယ်စပ်ဂိတ်ကို ဖြတ်ကျော်ပြီး တရုတ်ကူမင်းကို ရောက်ရှိမည်ဖြစ်သည်။

 

 

(သတင်းရင်းမြစ်- ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်- Yunnan gateway)