တရုတ်-လာအိုရထားလမ်း တစ်နှစ်အတွင်း ကောင်းမွန်စွာ လည်ပတ်နိုင်ခဲ့သည်ဟု လာအို ဒုဝန်ကြီးချုပ် ဆို

CRI, December 5, 2022
Size:

ဒီဇင်ဘာလ ၃ ရက်နေ့သည် တရုတ်-လာအို ရထားလမ်း ပြေးဆွဲခြင်း ၁ နှစ်ပြည့် ဖြစ်ပါသည်။ လာအိုနိုင်ငံ ဒုဝန်ကြီးချုပ် Sonexay Siphandone သည် ထိုနေ့တွင် ဗီယင်ကျန်းမြို့၌ ကျင်းပသည့် တရုတ်-လာအို ရထားလမ်း ပြေးဆွဲခြင်း ၁ နှစ်ပြည့် အခမ်းအနားတွင် တစ်နှစ်ကြာလည်ပတ်ခဲ့သည့် တရုတ်-လာအို ရထားလမ်းသည် လာအိုပြည်သူများနှင့် နိုင်ငံတော်၏ဂုဏ်ယူစရာ တစ်ခုဖြစ်လာပြီ ဖြစ်ပြီး လာအိုနိုင်ငံ၏ ရထားပို့ဆောင်ရေး ခေတ်သစ်ကို ဖွင့်လှစ်ပါကြောင်း၊ ရထားလမ်းပိုင်ဆိုင်သည့် နိုင်ငံပေါင်း ၁၄၉ နိုင်ငံတွင် လာအို၏ လူတစ်ဦးချင်း ရထားလမ်းခရီးမိုင်နှုန်းသည် နောက်ဆုံးနေရာမှ ၂၈ နေရာသို့ တက်လာပြီး အာဆီယံတွင် ပထမဆုံးနေရာ ရောက်ရှိ၍ အရှေ့တောင်ကျွန်းဆွယ်၏ အရေးကြီးသော လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဗဟိုချက်မ ဖြစ်လာကြောင်း ပြောကြားခဲ့ပါသည်။