တရုတ်-လာအို မီးရထားလမ်းသည် နိုင်ငံတကာ ကုန်စည်စီးဆင်းမှုအတွက် ရွှေရောင်ချန်နယ်တစ်ခု ဖန်တီး

CRI, December 4, 2022
Size:

တရုတ်-လာအိုမီးရထားလမ်း စတင်ပြေးဆွဲခဲ့သည့်တစ်နှစ်အတွင်း ၎င်း၏ နိုင်ငံတကာ ကုန်စည်စီးဆင်းမှု ရွှေရောင်ချန်နယ် အခန်းကဏ္ဍသည် တစ်နေ့တခြား ပေါ်လွင်လာသည်ဟု China Media Group မှ သတင်းအရ သိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့အထိ တရုတ်-လာအို မီးရထားလမ်းသည် ကုန်ပစ္စည်းတန်ချိန် စုစုပေါင်း ၁၁.၂ သန်း သယ်ဆောင်ပြီး၊ ခရီးသည် ၈.၅ သန်း ပို့ဆောင်ကာ၊ နိုင်ငံဖြတ်ကျော်ကုန်တင်ရထား အစီး ၃၀၀၀ ပြေးဆွဲ၍ နိုင်ငံဖြတ်ကျော် သယ်ဆောင်သော ကုန်စည်တန်ဖိုးသည် တရုတ်ယွမ်ငွေ ၁၃ ဘီလီယံ ကျော်ခဲ့သည်။ လာအို ဒေသခံဝန်ထမ်း ၇၀၀ ကျော် သည် သီးသန့်လေ့ကျင့်မှုခံယူပြီးနောက် တရုတ်-လာအို မီးရထားလုပ်ငန်းများတွင် ပါဝင်နေကြသည်ဟု သတင်းအရ သိရသည်။