တရုတ်-လာအို မီးရထား စတင်ပြေးဆွဲသည့် တစ်နှစ်ပြည့်၊ အိပ်မက်များဆီသို့ ဦးတည်သော ရထားလမ်း

CRI, December 3, 2022
Size:

ဒီဇင်ဘာလ ၁ ရက်နေ့ညနေပိုင်းက သစ်သီးများကို တင်ဆောင်ထားသည့် ရထားတစ်စီးသည် လာအိုနိုင်ငံ ဗီယင်ကျန်း တောင်ဘူတာမှ တရုတ်နိုင်ငံသို့ ချောမောစွာ ဝင်ရောက်လာပြီး၊ မိုဟန်ဘူတာတွင် ရပ်တန့်ခဲ့သည်။ ယင်းသည် တရုတ်-လာအို မီးရထားလမ်းတွင် သစ်သီးများကို ပို့ဆောင်သည့် ပထမဆုံးသော ရထားတစ်စီးဖြစ်သည်ဟု သတင်းအရ သိရသည်။

တရုတ်-လာအို မီးရထားလမ်းတွင် သစ်သီများပို့ဆောင်ရေး ရထားစတင်ပြေးဆွဲခြင်းနှင့်အတူ လာအို၊ ထိုင်းနှင့် မြန်မာစသည့် အရှေ့တောင်အာရှနိုင်ငံများမှ အရည်အသွေးမြင့် လယ်ထွက်စားသောက်ကုန်ပစ္စည်းများသည် အနာဂတ်တွင် တရုတ်-လာအို ရထားလမ်းမှ အဆင်ပြေသည့်အကောက်ခွန်ရှင်းလင်းရေးနှင့် ကြီးမားသော နိုင်ငံတကာကုန်စည်ပို့ဆောင်မှုအတိုင်းအတာရှိရေးအပါအဝင် အားသာချက်များကို အားကိုးအားထားပြီး  တရုတ်နိုင်ငံ ဈေးကွက်သို့ ပိုမိုလျင်မြန်လုံခြုံစွာ ရောင်းချနိုင်ရုံသာမက တရုတ်ပြည်မှတစ်ဆင့် အခြားနိုင်ငံများသို့လည်း တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်ဟု သတင်းအရ သိရသည်။