ဂေါ်ဖီထုပ်တစ်လုံး၏ နိုင်ငံဖြတ်ကျော်ခရီးစဥ်

Yunnan Gateway, December 2, 2022
Size:

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှစတင်ပြီး တရုတ်-လာအိုရထားလမ်း ပြေးဆွဲခဲ့ပါသည်။ လတ်ဆတ်သောဟင်းသီးဟင်းရွက်များသည် ပထမရက် နံနက်ပိုင်းတွင် ကွန်တိန်နာများထဲတင်ဆောင်ပြီး ၎င်းရထားလမ်းမှတစ်ဆင့် နောက်တစ်နေ့နံနက်ပိုင်းတွင် လာအိုစျေးကွက်သို့ အရောက်ပို့နိုင်သည်။ ၎င်းခရီးစဥ်အသေးစိတ်ကို သိလိုပါသလား။ အတူတကွ လေ့လာကြပါစို့။

ကျွန်တော်က ဂေါ်ဖီထုပ်တစ်လုံး ဖြစ်တယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က အကြီးမားဆုံး ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးစခန်းဖြစ်တဲ့ ယွီရှီးမြို့ ထုံးဟိုင်ခရိုင်က ကျွန်တော့်ဇာတိဖြစ်တယ်။ ယွီရှီးထုံးဟိုင်ကို ဟင်းသီးဟင်းရွက်တွေရဲ့ “အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း”လို့ ချီးကျူးခေါ်ဝေါ်ကြပါတယ်။

ပုံ၊ တရုတ်-လာအိုရထားလမ်းကို တွေ့နေစဥ်(ဆင်ဟွာ)

ကျွန်တော်တို့ ဂေါ်ဖီထုပ်တွေက နွေးထွေးတဲ့နေရာမှာ နေထိုင်ရတာကြိုက်နှစ်သက်ပါတယ်။ အဲဒီနေ့နံနက်ပိုင်း ၆ နာရီမှာ ကျွန်တော်က ဆွတ်ခူးခံရပြီး ခန္ဓာကိုယ်ပေါ် နှင်းပေါက်ကလေးတွေတောင် ကျန်နေပါသေးတယ်။

ပုံ၊ တရုတ်-လာအိုရထားလမ်းကို တွေ့နေစဥ်(ဆင်ဟွာ)

နံနက် ၆ နာရီခွဲမှာ ဟင်းသီးဟင်းရွက်စိုက်တောင်သူတွေက “သယ်ပို့ခြင်းလမ်းကြောင်းစာရင်း”ကို မှတ်တမ်းတင်ခဲ့တယ်။ အဲဒီစာရင်းထဲမှာ ကျွန်တော့်ကို ဆွတ်ခူးခဲ့တဲ့နေရာ၊ အရေအတွက်နဲ့ သက်ဆိုင်ရာထိတွေ့ခဲ့တဲ့ဝန်ထမ်းပမာဏ၊ သယ်ပို့ရမယ့်တည်နေရာ စတဲ့အချက်အလက်တွေ ပါဝင်ပါတယ်။

နံနက် ၈ နာရီမှာ သက်ဆိုင်ရာဝန်ထမ်းတွေက ကျွန်တော်ခန္ဓာကိုယ်ထဲမှာ ကျန်ရစ်နေတဲ့ လယ်ယာသုံးပိုးသတ်ဆေးပါဝင်နှုန်းကို စစ်ဆေးခဲ့ပါတယ်။ စံချိန်မီမှသာ စက်ရုံထဲ ဝင်ခွင့်ရနိုင်ပါတယ်။

နံနက် ၉ နာရီမှာ ကျွန်တော့်ကို သေသေချာချာရေချိုးပေးပြီး အထုပ်ထုပ်ပိုးခဲ့တယ်။ ကျွန်တော်တို့ဂေါ်ဖီထုပ်တွေကို ခန္ဓာကိုယ်အသေးအကြီးနဲ့ကိုက်ညီတဲ့ ပလတ်စတစ်အိတ်ထဲ ထည့်တယ်။ ပြီးနောက် ကွန်တိန်နာထဲသို့ တင်ဆောင်ပေးခဲ့ပါတယ်။

ညနေ ၄ နာရီမှာ စစ်ဆေးရေးဌာနရဲ့ ဝန်ထမ်းတွေက ကျွန်တော်တို့အိပ်နေတဲ့ သေတ္တာပေါ်မှာ အရည်အသွေးစံချိန်မီအမှတ်တံဆိပ်ကပ်ခဲ့တယ်။

ညနေ ၅ နာရီမှာ ကျွန်တော်က အအေးသေတ္တာပါအထူးရထားနဲ့ ယွီရှီးကနေ လာအိုသို့ သွားခဲ့တယ်။ နာရီ ၂၀ ကြာပြီးနောက် ကျွန်တော်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ကို ရောက်တယ်။ ပြီးနောက် ကျွန်တော်က အခြားဂေါ်ဖီထုပ်တွေနဲ့အတူ ကုန်းလမ်းကနေတဆင့် ထိုင်းနိုင်ငံနေရာအသီးသီးသို့ ရောက်ခဲ့တယ်။

ကျွန်တော်ရဲ့နိုင်ငံဖြတ်ကျော်ခရီးစဥ်က ဒီမှာပဲ ပြီးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ တရုတ်-လာအိုရထားလမ်းရဲ့ ရေစက်အကြောင်းကတော့ မပြီးဆုံးသေးပါဘူး။

(သတင်းရင်းမြစ်- Guan Yun Li၊ ဘာသာပြန်- Yunnan gateway)