ရှီကျင့်ဖိန်သည် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ သမ္မတ သုန်လွင်နှင့် တွေ့ဆုံဆွေးနွေး

CRI, December 1, 2022
Size:

နိုဝင်ဘာလ ၃၀ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ သမ္မတ သုန်လွင်နှင့် ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ “ရေရှည်တည်ငြိမ်ရေး၊ အိမ်နီးချင်းကောင်းချစ်ကြည်ရေး၊ အပြန်အလှန်ယုံကြည်ရေး၊ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး” မူနှင့် “အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ ရဲဘော်ကောင်း၊ မိတ်ဖက်ကောင်း” စိတ်ဓာတ်ကို စွဲကိုင်ပြီး နိုင်ငံရေးအရ အပြန်အလှန်လေးစားယုံကြည်ပြီး စီးပွားရေးအရ အပြန်အလှန်အကျိုးပြုကာ လူမှုယဉ်ကျေးမှုအရ အချင်းချင်း သိရှိနားလည်၍ တရုတ်-လာအို ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးကို ဆက်တိုက် နက်ရှိုင်းစေပြီး လူသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးအတွက် အပြုသဘောဆောင်သောကြိုးပမ်းမှုများနှင့် ပံ့ပိုးကူညီမှုများ ပြုလုပ်မည်ဟု နှစ်ဖက်တို့က အလေးပေး ပြောကြားခဲ့ကြသည်။