ယခုနှစ်အောက်တိုဘာလအထိ ယူနန်မှ နယ်စပ်ဖြတ်ကျော်လျှပ်စစ်စွမ်းအားရောင်းဝယ်ရေးပမာဏသည် အမေရိကန်ဒေါ်လာ (၁.၅) ဘီလီယံကျော်လွန်ရောက်ရှိ

Yunnan Gateway, November 30, 2022
Size:

ကူမင်းလျှပ်စစ်ဓာတ်အားရောင်းဝယ်ရေးစင်တာတွင် တရုတ်နိုင်ငံမှ ပထမဆုံးသောတစ်နေရာတည်းတွင် လျှပ်စစ်ဓာတ်အားလက်လီရောင်းချရေးပြုလုပ်သည့် “လိုင်ထောက်တမ်” စင်မြင့်သည် အီလက်ထရော်နစ်စီးပွားရေးပုံစံဖြင့် လျှပ်စစ်ဓာတ်အားကို အီလက်ထရောနစ်ကုန်ပစ္စည်းအဖြစ် ပြောင်းလဲပြီး လိုင်းပေါ်တွင် ရောင်းချနေပါသည်။ ယခုနှစ်အောက်တိုဘာလအထိ ယူနန်လျှပ်စစ်စျေးကွက် နယ်စပ်ဖြတ်ကျော်ရောင်းဝယ်ရေး လျှပ်စစ်ပမာဏသည် (၂၂) ဘီလီယံ kWh ရှိပြီဖြစ်ပြီး နယ်စပ်ဖြတ်ကျော်လျှပ်စစ်စျေးကွက် ငွေတောင်းခံလွှာ (၈၀၀) ကျော်ရှိပြီး ငွေပမာဏသည် အမေရိကန်ဒေါ်လာ (၁.၅) ဘီလီယံကျော်လွန် ရောက်ရှိခဲ့ပါသည်။

“အင်တာနက်ကွန်ရက်+”နယ်စပ်ဖြတ်ကျော်လျှပ်စစ်ရောင်းဝယ်ရေးစင်မြင့်သည် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းဖြင့် မြန်မာ၊ လာအို၊ ဗီယက်နမ်တို့နှင့် စျေးကွက်ပုံစံရောင်းဝယ်ရေးကို လုပ်ဆောင်နေကြောင်း သိရပါသည်။ ယခု ဗီယက်နမ်၊ လာအို၊ မြန်မာစသည့်နိုင်ငံ (၃) နိုင်ငံမှ လျှပ်စစ်ရောင်းဝယ်ရေးလုပ်ငန်းပေါင်း (၁၀၀) ကျော်သည် စင်မြင့်တွင် မှတ်ပုံတင်ပြီး အရောင်းအဝယ် လုပ်ဆောင်နေပြီဖြစ်ပါသည်။


(သတင်းရင်းမြစ်၊ ကူမင်းနေ့စဉ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)