၂၀၂၂ တရုတ်-အာဆီယံ တက္ကသိုလ်ကျောင်းသူကျောင်းသားများ ခရီးသွားလာရေးကိုယ်စားပြုသံတမန် ရွေးချယ်

Yunnan Gateway, November 30, 2022
Size:

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ၂၀၂၂ တရုတ်-အာဆီယံပညာရေးဆိုင်ရာဖလှယ်ခြင်း သီတင်းပတ်လှုပ်ရှားမှု အစီအစဥ်များအနက် တစ်ခုဖြစ်သော “တရုတ်-အာဆီယံ တက္ကသိုလ်ကျောင်းသူကျောင်းသားများ ခရီးသွားလာရေးကိုယ်စားပြု သံတမန်” ရွေးချယ်ပွဲ အပြီးသတ်ပြိုင်ပွဲကို တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ခိုင်လီကောလိပ်တွင် ကျင်းပခဲ့ပါသည်။

ယခုနှစ်ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၂ နိုင်ငံ၊ တရုတ်ပြည်တွင်း တက္ကသိုလ်နှင့်ကောလိပ် ၁၃ ခုမှ ပညာတော်သင်ကျောင်းသူကျောင်းသား ၁၉ ဦး၏ ဗီဒီယိုလက်ရာကို လက်ခံရရှိခဲ့သည်။ သူတို့၏ ပြိုင်ဆိုင်သောအဓိကအကြောင်းအရာသည် “ခရီးသွားလာရေးမိတ်ဆက်ခြင်း”နှင့် “အနုပညာပင်ကိုယ်အရည်အသွေးတင်ပြခြင်း” အပိုင်းနှစ်ပိုင်း ပါဝင်သည်။ တရုတ်နှင့်အာဆီယံနိုင်ငံများမှ ကျွမ်းကျင်ပညာရှင် ၉ ဦးသည် အကဲဖြတ်များအနေဖြင့် ဆောင်ရွက်ခဲ့ပြီး ပထမဆု ၂ ဦး၊ ဒုတိယဆု ၄ ဦး၊ တတိယဆု ၆ ဦး ရွေးချယ်ခဲ့သည်။

(သတင်းရင်းမြစ်- ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်- Yunnan gateway)