တရုတ်-လာအိုရထားလမ်းသည် လာအို၏ဖွံ့ဖြိုးတိုးတက်မှုအတွက် တက်ကြွစွာ တွန်းအားပေးလျက်ရှိ

Yunnan Gateway, November 30, 2022
Size:

တရုတ်-လာအိုရထားလမ်းသည် စတင်ပြေးဆွဲကတည်းက ယခုအချိန်ထိ တစ်နှစ်တာကာလ ဖြတ်ကျော်ခဲ့ပြီဖြစ်ပြီး တရုတ်နိုင်ငံမှထုတ်လုပ်သော “လန်ချမ်း” မြန်နှုန်းမြင့်ရထားတွဲသည် လာအိုဒေသခံပြည်သူပြည်သားများ၏ နေ့စဥ်နေထိုင်မှုဘဝတွင် ပေါင်းစပ်ပါဝင်ကာ ဒေသခံများ၏ ခရီးသွားလာရန် ဦးစားပေးအရွေးခံရသည့် နည်းလမ်းဖြစ်လာပါသည်။

လာအိုပြန်ကြားရေး၊ ယဥ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အချက်အလက်အရ၊ လာအိုမြို့တော် ဗီယင်ကျန်းမြို့မှ မြောက်ပိုင်းရှိ အရေးပါသော ခရီးသွားလာရေးမြို့ပြဖြစ်သည့် လွမ်ဖဘန်သို့ ခရီးသွားများသည် “လန်ချမ်း” မြန်နှုန်းမြင့်ရထားဖြင့် ခရီးထွက်ခြင်းကို ပိုမိုရွေးချယ်လာကြပါသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ၊ ဗီယင်ကျန်းမှ လွမ်ဖဘန်သို့ ခရီးထွက်ခွာခဲ့ကြသည့် ခရီးသွားဦးရေသည် ၃.၃၆ သိန်းရှိပြီး ၎င်းအနက် ၈၅.၂၇% သည် မီးရထားဖြင့် သွားလာသူများ ဖြစ်ကြသည်။

လာအို-တရုတ်ရထားလမ်းကုမ္ပဏီလီမိတက်သည် တရုတ်-လာအိုရထားလမ်း၏ လာအိုအပိုင်း လည်ပတ်မှုကို တာဝန်ခံဆောင်ရွက်လျက်ရှိသည်။ ၎င်းကုမ္ပဏီ၏အချက်အလက်အရ၊ တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် သယ်ယူပို့ဆောင်သောကုန်စည်များသည် လာအို၊ ဗီယက်နမ်စသည့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” လမ်းတစ်လျှောက်ရှိ နိုင်ငံ ၁၀ နိုင်ငံကျော်ကို လွမ်းခြုံလျက်ရှိပြီး သယ်ယူပို့ဆောင်သည့်ကုန်စည်များသည်လည်း ပထမပိုင်းကာလက ဓာတ်မြေသြဇာနှင့် နေ့စဥ်သုံးပစ္စည်းများစသည့် ကုန်စည်အမျိုး ၁၀၀ ကျော်မှ ယခုအချိန်တွင်မူ အီလက်ထရွန်နစ်ပစ္စည်း၊ နေရောင်ခြည်ဆိုလာပြား၊ အအေးကွင်းဆက်ဖြင့် သယ်ယူပို့ဆောင်သောသစ်သီးများအပါအဝင် ကုန်စည်အမျိုးအစား ၁၂၀၀ ကျော်အထိ တိုးတက်လာပါသည်။


(သတင်းရင်းမြစ်- ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်- Yunnan gateway)