တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်းသည် မြန်မာနိုင်ငံမှ စီးပွားကုန်သွယ်ရေးအသင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့

Yunnan Gateway, November 28, 2022
Size:

တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းအဖွဲ့များအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် ရည်ရွယ်သည့်အတွက် တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း သည် မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မူဆယ်-နန်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်းတို့နှင့် ယခုရက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌ တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်းမှ တာဝန်ခံက တရုတ်-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှု ရှိခဲ့ပြီး နှစ်နိုင်ငံ လုပ်ငန်းအဖွဲ့များသည် ပြင်းထန်သောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။ နှစ်ဦးနှစ်ဖက်သည် သတင်းဖလှယ်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် ရေရှည်အဆက်အသွယ်ယန္တရားကို ထူထောင်ရန်၊ သတင်းအချက်အလက်ဖလှယ်ရာတွင် အပြန်အလှန်ချိတ်ဆက်နိုင်ရန် ပုံမှန်အစည်းအဝေး ယန္တရားထူထောင်ရန်၊ နက်ရှိုင်းကျယ်ပြန့်သော ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ ဆောင်ရွက်သွားရန် ၎င်းက အကြံပြုခဲ့သည်။ စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန်အတွက် နှစ်နိုင်ငံအကြား စီးပွားရေးမူဝါဒများနှင့် စီမံကိန်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်မှုကို ပိုမိုမြှင့်တင်ရန်၊ ရှေ့အဆင့်သို့ စီးပွားရေးလည်ပတ်မှုပတ်ဝန်းကျင် အဆင့်မြှင့်တင်ကာ နှစ်နိုင်ငံအစိုးရအကြား ဆက်သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ၎င်းက ဆက်လက်အကြုံပြုခဲ့ပါသည်။

တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်းမှ တင်ပြသောအကြံပြုချက်များကို မြန်မာနိုင်ငံ စီးပွားကုန်သွယ်ရေးအသင်းများမှ တာဝန်ခံများက သဘောတူခဲ့ကြပြီး ၎င်းတို့သည် မြန်မာ-တရုတ် ကုန်သွယ်မှုတွင် အကူအညီများ တစိုက်မတ်မတ် ပေးအပ်ကာ အခက်အခဲများ ဖြေရှင်းရာတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ငွေကြေးရှင်းလင်းနည်းများ၊ သစ်သီးအရောင်းအဝယ်များ၊ AI အသိဉာဏ်ဖြင့် ဘာသာပြန်ခြင်း၊ သကြားနှင့်ကြံ၊ ကော်ဖီ စသည့် လယ်ယာထွက်ကုန်များ သယ်ယူပို့ဆောင်ရေးနှင့် အကောက်ခွန်ဌာနမှ စစ်ဆေးရေးလုပ်ထုံးလုပ်နည်းစသည့်ကိစ္စရပ်များအတွက် နှစ်ဦးနှစ်ဖက်သည် လေးလေးနက်နက် အပြန်အလှန် ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်းသည် တရုတ်ပြည်တွင်း၌ မန်စီမြို့တွင် ရုံးခွဲတစ်ခု အထူးတလည် ထူထောင်ပြီး ပြည်ပမှ စီးပွားကုန်သွယ်ရေးကိုယ်စားလှယ်ရုံး ၆ ခု အသီးသီး တည်ထောင်လျက်ရှိကြောင်း၊ ၎င်းကိုယ်စားလှယ်ရုံးများသည် မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ နေပြည်တော်၊ ဗန်းမော်နှင့် ရန်ကုန်တို့တွင် အသီးသီး ရှိနေကြောင်း သိရပါသည်။

(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်မီဒီယာအုပ်စုအဖွဲ့။ ဘာသာပြန် - Yunnan gateway)