တရုတ်ပြည်ထုတ် စွမ်းအင်သစ်သုံး မော်တော်ကားများသည် ထိုင်း အစိမ်းရောင်စီးပွားရေးအတွက် အားသစ်လောင်းပေး

CRI, November 21, 2022
Size:

ထိုင်းမော်တော်ကားအသင်းမှ စာရင်းအရ တရုတ်ပြည်ထုတ် စွမ်းအင်သစ်သုံး မော်တော်ကားများသည် ထိုင်းနိုင်ငံ၏စွမ်းအင်သစ်သုံးမော်တော်ကား စုစုပေါင်း ရောင်းချမှုပမာဏ၏ ၉၀ ရာခိုင်နှုန်းကျော် ရှိကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

တရုတ် Great Wall Motor ၏ ထိုင်းနိုင်ငံ partner အာနူကီ ပွန်ပူဟာနွန်က တရုတ်မော်တော်ကားကုမ္ပဏီများ၏ နည်းပညာ ဆန်းသစ်တီထွင်မှု အရည်အချင်းသည် ပိုမိုမြင့်မား၍ တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံး မော်တော်ကားများ ထိုင်းဈေးကွက်သို့ ဝင်ရောက်လာခြင်းသည် ထိုင်းနိုင်ငံအတွက် အပြောင်းအလဲများကို ဆောင်ကြဉ်းပြီး ပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။