ရှီကျင့်ဖိန်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်တို့ တွေ့ဆုံဆွေးနွေး

CRI, November 20, 2022
Size:

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် တို့သည် ဘန်ကောက်မြို့ရှိဝန်ကြီးချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ခေါင်းဆောင်နှစ်ဦးတို့က ပိုမို တည်ငြိမ်သော၊ ပိုမို စည်ပင်သာယာသော၊ ဆက်တိုက်ဖွံ့ဖြိုးမှု ပိုရှိသော တရုတ်-ထိုင်း ကံကြမ္မာအသိုက်အဝန်း အတူတည်ဆောက်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ကြသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့်အတူ နိုင်ငံတကာရေးရာများတွင် ညှိနှိုင်းဆောင်ရွက်မှုများ တိုးမြှင့်ပြီး ကမ္ဘာ့ ရေရှည်တည်တံ့ခိုင်မာသောငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန်အတွက် တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊ ထိုင်းနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲသဘာပတိနိုင်ငံအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် မဲခေါင်မြစ်တစ်လျှောက်ရှိနိုင်ငံများနှင့်အတူ ဒေသငယ် ပူးပေါင်းဆောင်ရွက်ရေးကို အရည်အချင်း မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

ပရာယွတ်က တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ အောင်မြင်စွာ ကျင်းပခြင်းနှင့် ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် နောက်ထပ်တစ်ကြိမ် အရွေးခံရခြင်းကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံသည် ဆိုရှယ်လစ်ခေတ်မီနိုင်ငံ ဘက်စုံတည်ဆောက်ရေး၊ ဒုတိယနှစ်တစ်ရာ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက် အကောင်အထည်ဖော်ဆောင်ရေး၊ မွန်မြတ်သော တရုတ်အမျိုးသားရှင်သန်ရေးခရီးစဉ်သစ် ဘက်စုံတွန်းအားပေးရေးတွင် အောင်မြင်မှုများ ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။