China Media Group နှင့် ထိုင်းနိုင်ငံ ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနသည် ပူးပေါင်းဆောင်ရွက်ရေး အမှာစာတမ်းချုပ်ဆိုရန်နှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိ

CRI, November 18, 2022
Size:

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အေပက်အဖွဲ့ ၂၉ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်စဉ်နှင့် ထိုင်းနိုင်ငံ၌ ခရီးလှည့်လည်စဉ်တွင် China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံနှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးဝန်ကြီးအာနူချာနာကာစိုင်တို့သည် China Media Group နှင့် ထိုင်းနိုင်ငံ ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာန မီဒီယာပူးပေါင်းဆောင်ရွက်ရေး အမှာစာတမ်း ချုပ်ဆိုရန်နှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့ကြောင်း၊ ယင်းသည် China Media Group နှင့် ထိုင်းနိုင်ငံ ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနတို့သည် နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ နောက်ဆုံးအောင်ကျိုးရလဒ်ရရှိခြင်းပင် ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။