တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် ၃ ကြိမ်တိုင်တိုင် ပါဝင်ခဲ့ပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးသံယောဇဥ်ကို သက်သေပြခဲ့

Yunnan Gateway, November 17, 2022
Size:

“ကျွန်မက စကားပြန်အဖြစ် တရုတ်-တောင်အာရှကုန်စည်ပြပွဲမှာ ၃ ကြိမ် ပါဝင်ခဲ့တယ်။ အဲဒီပြပွဲရဲ့အဆင့်မြင့်တင်ပြောင်းလဲခြင်းခရီးစဥ်နဲ့ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ချစ်ကြည်ရေးသံယောဇဥ်ကို သက်သေပြခဲ့တယ်”ဟု မြန်မာအမျိုးသမီးဖြစ်သူ မအေးရွှေက ပြောသည်။ မအေးရွှေသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ အမျိုးသမီးတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ပညာတော်သင်အဖြစ် စာပေသင်ကြားလေ့လာခဲ့သည်။ သူမ၏အမြင်အရ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် တံခါးဖွင့်လှစ်သော၊ ကြီးကျယ်ခမ်းနားသော၊ အခွင့်အလမ်းကောင်းများစွာရှိသော ပလတ်ဖောင်းတစ်ခုဖြစ်သည်။

ပထမဆုံးအကြိမ် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် ပါဝင်သော တိတ်တဆိတ်နောက်ကြောင်းကို ပြန်လည်တွေးမိရာတွင် “ကျွန်မရဲ့ ပထမဆုံးအကြိမ် မြန်မာပြခန်းမှာ စကားပြန်လုပ်တဲ့အခါ မြန်မာက ပြသတဲ့ကုန်စည်တွေမှာ များသောအားဖြင့် ကျောက်စိမ်းနဲ့ ရတနာစတဲ့ တန်ဖိုးကြီးကုန်စည်တွေ ဖြစ်တယ်။ နောင်ပိုင်းမှာ ၂ ကြိမ် ထပ်ပြီးပါဝင်ရာမှာတော့ မြန်မာ့ယဥ်ကျေးမှုနဲ့ ခရီးသွားလာရေးမိတ်ဆက်ခြင်း အစီအစဥ်၊ လယ်ယာထွက်ကုန်၊ ထူးခြားချက်လက္ခဏာရှိ စားသောက်ကုန် စတာတွေ တိုးလာတာ တွေ့မြင်ခဲ့ရတယ်။ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ကုန်စည်မျိုးစုံကို ကမ္ဘာ့ကို ပိုမိုမိတ်ဆက်လာတယ်”ဟု ပြောကြားခဲ့သည်။

တရုတ်-တောင်အာရှကုန်စည်ပြပွဲသည် မအေးရွှေအား အတွေ့အကြုံ တိုးများစေသည်။ စကားပြန်လုပ်ခြင်းကြောင့် ကုန်သည်များက ကုန်စည်ရောင်းချရန် ပိုမိုအဆင်ပြေစေသည်။ သူ၏ အခြားသူများနှင့်အပြန်အလှန်ဖလှယ်ခြင်းစွမ်းအားလည်း တိုးမြင့်လာသည်။ ထို့ပြင် သူအား တရုတ်ကုန်သည်များ၏ဖိတ်ကြားခြင်းကြောင့် တရုတ်-မြန်မာစီးပွားကုန်သွယ်ရေး အပြန်အလှန်ဖလှယ်ရာတွင် စကားပြန်အဖြစ် ပါဝင်ခွင့် ရရှိသည်။ “တရုတ်-တောင်အာရှကုန်စည်ပြပွဲက မြန်မာနဲ့တရုတ်ကုန်သည်တွေ အပြန်အလှန်သိရှိနားလည်စေတယ်။ အပြန်အလှန်ဖလှယ်ခြင်းအတွက် အခွင့်အလမ်းတွေ ပေးစွမ်းတယ်။ အဲဒီပြပွဲမှာ ပါဝင်ပြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအတွက် အားထုတ်ပေးရတဲ့အတွက်ကိုလည်း ကျွန်မ ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု မအေးရွှေ ထပ်မံပြောသည်။

“၂၀၂၂ ခုနှစ် တရုတ်-တောင်အာရှကုန်စည်ပြပွဲ ရောက်လာတော့မယ်။ ကျွန်မနေနဲ့ စိတ်အားတက်ကြွပျော်ရွှင်နေတယ်။ စောင့်မျှော်နေတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ စောစောစီးစီး အောင်မြင်စွာ တိုက်ဖျက်နိုင်ပြီး ကျွန်မက တရုတ်ကို ထပ်မံရောက်ဖို့ကိုလည်း မျှော်လင့်ပါတယ်။ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို သွားရောက်လည်ပတ်ဖို့ စောင့်မျှော်တယ်။ မြန်မာနဲ့တရုတ်နှစ်နိုင်ငံက အဲဒီပြပွဲကတစ်ဆင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းပြီး အပြန်အလှန်ချစ်ကြည်ရေး တိုးများဖို့ မျှော်လင့်ပါတယ်” ဟု မအေးရွှေက ပြောသည်။

 

(သတင်းရင်းမြစ်၊ ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)