သမ္မတ ရှီကျင့်ဖိန်၏ခရီးစဉ်သည် ထိုင်း-တရုတ်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ထိုင်းနယ်ပယ်အသီးသီးမှ မျှော်လင့်

CRI, November 16, 2022
Size:

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်  ကျင်းပမည့် အေပက်အဖွဲ့ ၂၉ ကြိမ်မြောက်ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်ပြီး ထိုင်းနိုင်ငံတွင် ခရီးလှည့်လည်မည်ဖြစ်သည်။ ထိုင်းနိုင်ငံနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များသည် အစည်းအဝေးတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ အဆိုပြုချက်များကို အထူးအာရုံစိုက်ပြီး သမ္မတရှီကျင့်ဖိန်၏ ထိုင်းနိုင်ငံခရီးစဉ်သည် ထိုင်း-တရုတ်အကြား ချစ်ခင်ရင်းနှီးသောပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးတွန်းအားပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။