"ရှီကျင့်ဖိန် ကိုးကားသော ဂန္ထဝင်စာသားများ" (အင်ဒိုနီးရှားဘာသာ၊ ထိုင်းဘာသာ) ဗီဒီယိုကား ထုတ်လွှင့်ပြသ

CRI, November 14, 2022
Size:

ယခုလ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကာ အေပက်ထိပ်သီးခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်ပြီး ထိုင်းနိုင်ငံသို့ တရားဝင်ခရီးလှည့်လည်သည့်အခါသမယတွင် China Media Group က ဗီဒီယိုကား "ရှီကျင့်ဖိန် ကိုးကားသော ဂန္ထဝင်စာသားများ" (အင်ဒိုနီးရှားဘာသာ၊ ထိုင်းဘာသာ) နှင့် ဘာသာစကားပေါင်းစုံ မှတ်တမ်းရုပ်ရှင် "တရုတ်နိုင်ငံ ခရီးစဉ်သစ်" ထုတ်လွှင့်ပွဲ အခမ်းအနားကို ပီကင်းမြို့တွင် ကျင်းပခဲ့ပါသည်။ China Media Group ဥက္ကဋ္ဌရှန့်ဟိုင်ရှုန်က အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ လာအို၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ တူရကီစသည့်နိုင်ငံများရှိ ရုပ်မြင်သံကြားဌာနမှ ဌာနမှူးနှင့် အဓိကမီဒီယာ တာဝန်ရှိသူများ အွန်လိုင်းဖြင့် ထုတ်လွှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။