ဒုတိယအကြိမ်မြောက်အာဆီယံကမ္ဘာလုံးဆိုင်ရာဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပ

CRI, November 13, 2022
Size:

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် အာဆီယံကမ္ဘာလုံးဆိုင်ရာဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပမည်ဖြစ်ပါသည်။ တက်ရောက်လာသူများသည် အာဆီယံ၏စီးပွားရေးနာလန်ပြန်ထူရေးအပေါ် အမြင်များကို မျှဝေကြမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် အဆိုပါအစည်းအဝေးသည် အာဆီယံအနေနှင့် ကိုဗစ်-၁၉ ရောဂါလွန်ချိန်တွင် သက်ညှာထောက်ထားသော စီးပွားရေးနာလန်ပြန်ထူရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရန် ရှေ့ခရီးလမ်းကြောင်းကို ဆွေးနွေးမည်ဖြစ်ပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များကို အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်သည် မကြာခင်က ပြောကြားခဲ့ပါသည်။