တရုတ်(ကွမ်ရှီး)-အာဆီယံခေတ်မီမျိုးစေ့လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို နန်နင်းမြို့တွင် ကျင်းပပြီး ထူခြားချက်ပါသောသီးနှံမျိုးပေါင်း ၁၅၇၄ မျိုး ပြသ

CRI, November 13, 2022
Size:

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် နှစ်ရက်ကြာကျင်းပမည့် တတိယအကြိမ်မြောက် တရုတ်(ကွမ်ရှီး)-အာဆီယံခေတ်မီမျိုးစေ့လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို နန်နင်းမြို့၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံမှ လုပ်ငန်းကုမ္ပဏီပေါင်း ၃၅၈ ခုမှ ဆန်စပါး၊ ပြောင်းဖူး၊ ကြံ၊ ကန်စွန်းဥ၊ တရုတ်ရိုးရာဆေးဖက်ဝင်ပစ္စည်းများ၊ စားသုံးနိုင်သော မှို အပါအဝင် ထူးခြားချက်ပါသောသီးနှံမျိုးပေါင်း ၁၅၇၄ မျိုးနှင့် ဒေသထွက် အရည်အသွေးကောင်းမွန်သောမျိုးစေ့များနှင့် ပျိုးပင်များ၊ ထုတ်ကုန်များကို ပြသထားပါသည်။